Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 3:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 လူသား​တို့​၏​ဝိညာဉ်​သည် အထက်​အရပ်​သို့​တက်သွား​၍ တိရစ္ဆာန်​၏​ဝိညာဉ်​သည် အောက်​အရပ်​မြေကြီး​ထဲသို့​ဆင်းသွား​သည်​ဟု မည်သူ​သေချာ​သိ​နိုင်​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 လူ သား တို့ သက် ဇီ ဝ သည်၊ အ ပေါ် သို့ တက် သည် ကို လည်း‌ ကောင်း၊ တိ ရ စ္ဆာန် တို့ သက် ဇီ ဝ လည်း၊ အောက် မြေ သို့ ဆင်း သည် ကို လည်း‌ ကောင်း၊ မည် သူ သိ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သို့​ရာ​တွင်၊ အ​ထက်​သို့​တက်​သော လူ​သား၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​သို့​ဆင်း​တတ်​သော တိ​ရ​စ္ဆာန်၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ပိုင်း​ခြား၍ သိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 3:21
9 ပူးပေါင်းရင်းမြစ်များ  

လူ​မူကား သေ​သွား​ပြီးလျှင် ဆွေးမြည့်​သွား​၏​။ အသက်ချုပ်ငြိမ်း​ပြီးလျှင် အဘယ်မှာ​ရှိ​နိုင်​တော့​မည်နည်း​။


မြေမှုန့်​သည် လာ​ရင်း​မြေ​သို့​ပြန်သွား​သကဲ့သို့ အသက်​ဝိညာဉ်​သည် ၎င်း​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ထံသို့​ပြန်သွား​မည့်​အချိန်​မ​ရောက်​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။


ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။


ယုဒ​သည် မိမိ​နေရာ​သို့​သွား​ရန် တမန်တော်​အရိုက်အရာ​မှ ရွေ့လျော​ဖောက်ပြန်​သွား​သည်​ဖြစ်၍ ဤ​အမှု​တော်​လုပ်ငန်း​နှင့် တမန်တော်​အရိုက်အရာ​ကို​ဆက်ခံ​ရန် ဤ​သူ​နှစ်​ဦး​ထဲမှ ကိုယ်တော်​ရွေးကောက်​သော​သူ​ကို ဖော်ပြ​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။


ယာယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေကြီး​အိမ်​သည် ပျက်စီး​သွား​လျှင် ကောင်းကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်ဆောက်၊ ဘုရားသခင်​တည်ဆောက်​တော်မူ​သော ထာဝရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


ငါ​တို့​သည် ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်ခန္ဓာ​မှ​ကွာ​လျက် သခင်​ဘုရား​နှင့်အတူ​ရှိ​နေ​ရန် သာ၍​အလိုရှိ​ကြ​၏။


ထာဝရဘုရား​သည် သင့်​ကို အမြီး​မ​ဖြစ်စေ​ဘဲ ခေါင်း​ဖြစ်စေ​မည်​။ သင်​သည် အောက်​၌​မ​နေ​ရ​ဘဲ ထိပ်ဆုံး​၌ နေ​ရ​လိမ့်မည်​။ ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို နားထောင်​၍ လိုက်နာ​စောင့်ထိန်း​လျှင်​၊


သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ