အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
ဒေသနာကျမ်း။ 11:8 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။ Common Language Bible သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ Garrad Bible မု ချ အား ဖြင့် လူ သည်၊ နှစ် ကာ လ ရှည် လျား စွာ အ သက် ရှင် လျှင်၊ တစ် သက် ပတ် လုံး ရွှင် လန်း ပါ လေ စေ။ သို့ ရာ တွင်၊ မှောင် ကျ သော နေ့ ရက် များ ရှိ အံ့ ဖြစ်၍၊ ထို နေ့ ရက် ကို လည်း သ တိ မူ ပါ လေ စေ။ ဖြစ် လ တ္တံ့ သ မျှ သည် အ န တ္တ တည်း။ Judson Bible သို့ရာတွင်၊ လူသည် အသက်တာရှည်၍ အစဉ်ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ပါစေ။ ထိုကာလ ကြာမြင့်လိမ့်မည်။ ဖြစ်လတ္တံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ |
အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
လူသည်လည်း အိပ်ပျော်ရာမှ နိုးလာမည်မဟုတ်။ မိုးကောင်းကင်မပြိုမချင်း သူတို့နိုးလာကြမည်မဟုတ်။ သူတို့ကို အိပ်စက်ရာမှ နိုးလာစေနိုင်မည်မဟုတ်။
သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။
သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
လူသည် ဂုဏ်အရှိန်အဝါ၌ရှိသော်လည်း အသိဉာဏ်မရှိလျှင် သေကျေပျက်စီးတတ်သောတိရစ္ဆာန်များနှင့်တူ၏။
သင်၏ဝေစုကို လူခုနစ်ဦးမက ရှစ်ဦးတို့အား ပေးအပ်ထားလော့။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်တွင် မည်သို့သောဘေးဒုက္ခကျရောက်လာမည်ကို သင်မသိ။
ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ထိုသူသည် ပညာရှိသောသူဖြစ်မည်လော၊ သို့မဟုတ် မိုက်မဲသောသူဖြစ်မည်လော မည်သူသိနိုင်သနည်း။ သို့သော် နေအောက်တွင် ဉာဏ်ပညာရှိစွာငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိုသူသည် စိုးမိုးရလိမ့်မည်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ထိုရှင်ဘုရင်မတိုင်မီရှိခဲ့သူအားလုံးတည်းဟူသော လူအပေါင်းတို့သည် မဆုံးနိုင်။ သို့သော် နောက်ဖြစ်ပေါ်လာသောသူတို့သည် သူ့ကိုနှစ်သက်ကြလိမ့်မည်မဟုတ်။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
စကားများစွာပြောလျှင် အချည်းနှီးသောအရာလည်း များပြားလာတတ်သည်ဖြစ်၍ လူအတွက် မည်သည့်အကျိုးရှိသနည်း။
အကယ်၍ ထိုလူသည် အနှစ်တစ်ထောင်ကိုနှစ်ဆတိုး၍အသက်ရှင်ရသော်လည်း ကောင်းကျိုးချမ်းသာကိုမတွေ့ရလျှင် မည်သည့်အကျိုးရှိမည်နည်း။ အားလုံးသည် တစ်ခုတည်းသောအရပ်သို့သွားကြသည်မဟုတ်လော။
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။
ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။