သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ဒေသနာကျမ်း။ 1:13 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။ Common Language Bible မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။ Garrad Bible မိုး ကောင်း ကင့် အောက် တွင် ပြု ကြ သ မျှ ကို၊ ဉာဏ် ပ ညာ အား ဖြင့် စိ စစ် ရှာ ဖွေ၍ နှ လုံး သွင်း ရာ၊ လူ့ သား တို့ ပြု ကျင့် ရန်၊ ဘု ရား သ ခင် ထား တော် မူ သော အ မှု သည်၊ ခဲ ယဉ်း သော တာ ဝန် ဖြစ် ကြောင်း ကို သိ ရ၏။ Judson Bible မိုးကောင်းကင်အောက်၌ ပြုသမျှတို့ကို ဉာဏ်ပညာအားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှာ နှလုံးထား၏။ လူသားတို့ ကျင်လည်ရာဖို့ ထိုပင်ပန်းစေသောအမှုကို ဘုရားသခင်ပေးတော်မူပြီ။ |
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
မိုင်းတူးသမားသည် အမှောင်ကိုခွင်း၍ တွင်းနက်အဆုံးစွန်ထိ သတ္တုရိုင်းများကို သေမင်းအရိပ်လွှမ်းမိုးရာအမှောင်ထုကြီးထဲ၌ ရှာဖွေတတ်၏။
ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒကိုသာရှာကြံ၍ မှန်ကန်ပြည့်စုံသောဉာဏ်ပညာရှိသမျှကို ဆန့်ကျင်တတ်၏။
အသိဉာဏ်ရှိသောသူ၏စိတ်နှလုံးသည် အသိပညာကိုဆည်းပူးတတ်၏။ ပညာရှိသောသူတို့၏နားသည်လည်း အသိပညာကိုရှာဖွေတတ်၏။
ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
ဘုရားသခင်၏ဘုန်းအသရေကား အမှုကိစ္စကိုဝှက်ထားခြင်းဖြစ်၏။ ရှင်ဘုရင်တို့၏ဘုန်းအသရေကား အမှုကိစ္စကိုစူးစမ်းခြင်းဖြစ်၏။
ဉာဏ်ပညာသည် အထွတ်အမြတ်ဖြစ်၏။ ဉာဏ်ပညာကိုဆည်းပူးလော့။ သင်ပိုင်ဆိုင်သောအရာရှိသမျှဖြင့် အသိဉာဏ်ကိုဆည်းပူးလော့။
တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။
သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။
ထို့ပြင် ငါ့သား၊ ဤအချက်တို့ကိုလည်း သတိပြုလော့။ များစွာသောစာအုပ်တို့ကိုရေးသားပြုစုခြင်းသည် အဆုံးမရှိ။ များစွာလေ့လာဆည်းပူးခြင်းသည်လည်း ကိုယ်ခန္ဓာကိုပင်ပန်းနွမ်းနယ်စေ၏။
သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် အလုပ်ကို ငါတွေ့မြင်၏။
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။
ငါသည် နေအောက်တွင်ပြုသမျှသောအမှုအရာကို ဆင်ခြင်နှလုံးသွင်းသောအခါ ဤအရာအားလုံးကို တွေ့မြင်၏။ လူသည် အခြားသောသူကိုစိုးမိုး၍ သူကိုယ်တိုင် ဒုက္ခရောက်ရသောအချိန်ရှိ၏။
သင်၏တိုးတက်မှုသည် လူအပေါင်းတို့ရှေ့၌ထင်ရှားရန် ထိုအမှုအရာများကို ကြိုးစားအားထုတ်၍ ၎င်းတို့၌ မိမိကိုယ်ကိုနှစ်မြှုပ်ထားလော့။