Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဒေသနာကျမ်း။ 1 - Garrad Bible

1 ယေ ရု ရှ လင် မြို့ နန်း စံ ဘု ရင် ဒါ ဝိဒ် မင်း သား တော်၊ အာ စ ရိ ယ စ ကား ဟူ မူ ကား။

2 အ န တ္တ၊ အ န တ္တ၊ အ န တ္တ၊ အ ရာ ခပ် သိမ်း သည်။ အ န တ္တ တည်း ဟု၊ အာ စ ရိ ယ က ကြား ပြော လေ၏။

3 လူ သည် နေ အောက် တွင် ကြိုး ပန်း စွာ လုပ် ကိုင် သ မျှ၌၊ မည် သည့် အ ကျိုး ရှိ သ နည်း။

4 လူ မျိုး တစ် ဆက် ကွယ် လွန်၍၊ တစ် ဆက် ပေါ် လာ သော် လည်း၊ မြေ ပ ထ ဝီ ကား၊ ထာ ဝ ရ တည် သ တည်း။

5 နေ မင်း သည် ထွက် တုံ ဝင် တုံ ပြု လျက်၊ ထွက် ရာ အ ရပ် သို့ ပြေး သွား တတ် ၏။

6 လေ လည်း၊ တောင် မျက် နှာ သို့ တိုက် သွား၍၊ မြောက် မျက် နှာ သို့ လှည့် ပြန်၏။ လှည့် လည် တိုက် သွား သ ဖြင့်၊ ပတ် လည် အ ရပ် ရပ် များ သို့ ပြန် ရောက် တတ် ၏။

7 ရှိ သ မျှ သော မြစ် ချောင်း သည်၊ သ မု ဒ္ဒ ရာ ထဲ သို့ စီး ဝင် သော် လည်း၊ သ မု ဒ္ဒ ရာ မ ပြည့် မ လျှံ။ ထွက် စီး ရာ အ ရပ် သို့ ပြန် ရောက် တတ် ၏။

8 အ ခြင်း အ ရာ ခပ် သိမ်း သည် ပင် ပန်း လှ၍၊ လူ မ မြွက် မ ဆို နိုင်။ မျက် စိ သည် ကြည့်၍ မ ရောင့် ရဲ၊ နား လည်း ကြား၍ မညီး ချေ။

9 ရှေး အ ဖြစ် သည်၊ နောက် အ ဖြစ်၊ ရှေး အ မှု လည်း၊ နောက် အ မှု ဖြစ် အံ့ သော ကြောင့်၊ နေ အောက် တွင် တစ် စုံ တစ် ခု မျှ အ သစ် မ ရှိ ချေ။

10 ကြည့် ပါ လော့။ ဤ အ မှု ကား၊ အ သစ် တည်း ဟု ဆို ကြ လျှင်၊ ထို အ မှု သည် ငါ တို့ အ ရင်၊ အ တိတ် ကာ လ က ပင် ဖြစ် နှင့် ခဲ့ ပြီ။

11 အ တိတ် လူ ဆက် ကို၊ သ တိ မ ရ တတ် သည့် အ တိုင်း၊ ဖြစ် လ တ္တံ့ သော အ နာ ဂတ် လူ ဆက် ကို လည်း၊ ၎င်း နောက် ဖြစ် အံ့ သော သူ တို့ သ တိ ရ မည် မ ဟုတ် ချေ။

12 အာ စ ရိ ယ ဖြစ် သော ငါ သည်၊ ယေ ရု ရှ လင် မြို့၌၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ဖြစ် စဉ်၊

13 မိုး ကောင်း ကင့် အောက် တွင် ပြု ကြ သ မျှ ကို၊ ဉာဏ် ပ ညာ အား ဖြင့် စိ စစ် ရှာ ဖွေ၍ နှ လုံး သွင်း ရာ၊ လူ့ သား တို့ ပြု ကျင့် ရန်၊ ဘု ရား သ ခင် ထား တော် မူ သော အ မှု သည်၊ ခဲ ယဉ်း သော တာ ဝန် ဖြစ် ကြောင်း ကို သိ ရ၏။

14 နေ အောက် တွင် ပြု လုပ် သ မျှ သော အ မှု များ ကို ငါ မြင် ရ သည် မှာ၊ အ ရာ ခပ် သိမ်း ပင် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။

15 ကောက် ကျစ် သော အ ရာ ကို မ ဖြောင့် မတ် စေ နိုင်။ လို သော အ ရာ ကို လည်း မ ဖြည့် စွက် နိုင် ချေ။

16 ကိုယ့် စိတ် နှ လုံး နှင့် ဆွေး နွေး ရာ၊ ငါ က၊ ယေ ရု ရှ လင် မြို့ ပေါ် တွင် အုပ် စိုး သ မျှ သော အ တိတ် မင်း တို့ ထက်၊ ပ ညာ ကို လေ့ လာ တိုး ပွား၍၊ ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ ကို ကျွမ်း ကျင် သိ မြင် ခဲ့ ပြီ ဟု မြွက် ဆို သည့် ပြင်၊

17 ဉာဏ် ပ ညာ ကို လည်း‌ ကောင်း၊ ရူး သွပ် ခြင်း နှင့် မိုက် မဲ ခြင်း ကို လည်း‌ ကောင်း၊ သိ စိမ့် သော ငှာ နှ လုံး သွင်း ရာ၊ လေ ကို ကျက် စား သော အ မှု အ ရာ ဖြစ် ကြောင်း ကို ငါ သိ မြင် ၏။

18 အ ဘယ့် ကြောင့် ဆို သော်၊ များ စွာ သော ပ ညာ ၌၊ ပူ ဆွေး ခြင်း များ စွာ ရှိ သည် နှင့်၊ အ သိ ပ ညာ ကို တိုး ပွား စေ သူ လည်း၊ ပူ ပန် ခြင်း ကို တိုး ပွား စေ သ တည်း။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ