သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
ထွက်မြောက် 8:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နတ်ဝိဇ္ဇာဆရာတို့က ဖာရောမင်းကြီးအား “ဤအမှုသည် ဘုရားသခင်ပြုတော်မူသောအမှုဖြစ်၏”ဟု လျှောက်ကြ၏။ သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် သူတို့၏စကားကိုနားမထောင်ဘဲနေ၏။ Common Language Bible ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။ Garrad Bible ထို အ ခါ ၎င်း ဝိ ဇ္ဇာ ဆ ရာ တို့ က၊ ဤ အ မှု ကား ဘု ရား သ ခင့် လက် ချက် တော် တည်း ဟု ဖာ ရော မင်း အား လျှောက် ထား ကြ သော် လည်း ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ဖာ ရော မင်း သည် စိတ် နှ လုံး ခဲ ယဉ်း၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ သေး ၏။ Judson Bible ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည်ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖာရောဘုရင်အားလျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။ |
သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
ကိုယ်တော်၏လက်ချောင်းတို့ဖြင့်ပြုတော်မူသော ကိုယ်တော်၏ကောင်းကင်ကိုလည်းကောင်း၊ ကိုယ်တော်တည်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ကြည့်ရှုဆင်ခြင်သောအခါ
လူတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသဖြင့် သုံးရက်ပတ်လုံး မည်သူမျှ မိမိနေရာမှမထကြချေ။ သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့နေထိုင်ရာအရပ်၌ အလင်းရောင်ရှိ၏။
ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ခွေးတစ်ကောင်မျှဟောင်လိမ့်မည်မဟုတ်။ ဤနည်းဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့နှင့်အီဂျစ်လူမျိုးတို့ကို ခြားနားစေကြောင်း သင်တို့သိရလိမ့်မည်။
သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
သို့သော် ဖာရောမင်းကြီးသည် သင်တို့စကားကို နားထောင်လိမ့်မည်မဟုတ်။ အီဂျစ်ပြည်အပေါ် ငါ့လက်ကိုတင်၍ ကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် ငါ့လူစုဖြစ်သော ငါ့လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်မည်။
အီဂျစ်ပြည်အပေါ် ငါ၏လက်ကိုဆန့်၍ အစ္စရေးအမျိုးသားတို့ကို ထိုပြည်ထဲမှ ထုတ်ဆောင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်များနှင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်များကို သီးသန့်ခွဲထားသဖြင့် အစ္စရေးအမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှမသေရ’ဟူ၍ မိန့်တော်မူသည်”ဟု သူ့အား ဆင့်ဆိုရမည်။
ထိုညတွင် ဒံယေလအား ဤနက်နဲသောအရာကို စိတ်အာရုံထဲတွင် ဖွင့်ပြတော်မူ၏။ ထို့ကြောင့် ဒံယေလက ကောင်းကင်ဘုံရှင်ဘုရားသခင်အား
သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
သို့ရာတွင် ငါသည် ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
“ဤသူတို့ကို မည်သို့ပြုကြမည်နည်း။ အကြောင်းမူကား သူတို့အားဖြင့် သိသာထင်ရှားသောနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ကို ဂျေရုဆလင်မြို့၌နေထိုင်သူအားလုံးသိရှိကြသည်ဖြစ်၍ ငါတို့ငြင်းဆို၍မရနိုင်။
သူတို့ကလည်း “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပြန်ပို့မည်ဆိုလျှင် သေတ္တာတော်သက်သက်ကိုသာ ပြန်မပို့ကြနှင့်။ အပြစ်ဒဏ်ဖြေရာယဇ်နှင့်တကွ ဆက်ဆက်ပြန်ပို့ပေးရမည်။ သို့မှသာ သင်တို့ အနာရောဂါပျောက်ကင်းလိမ့်မည်။ ထို့ပြင် လက်တော်သည် အဘယ်ကြောင့် သင်တို့ထံမှ မရုပ်သိမ်းသေးကြောင်းကိုလည်း သင်တို့သိရလိမ့်မည်”ဟု ပြန်ပြောကြ၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။