ထွက်မြောက် 10:23 - မြန်မာ့စံမီသမ္မာကျမ်း23 လူတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသဖြင့် သုံးရက်ပတ်လုံး မည်သူမျှ မိမိနေရာမှမထကြချေ။ သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့နေထိုင်ရာအရပ်၌ အလင်းရောင်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 အီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible23 ထို သုံး ရက် ပတ် လုံး ပြည် သူ ပြည် သား တို့ သည် တစ် ယောက် ကို တစ် ယောက် မ မြင်၊ နေ ရင်း နေ ရာ မှ လည်း မ ထ ဝံ့ ကြ။ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သော် ကား ကိုယ့် နေ အိမ် များ တွင် အ လင်း ရ ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုအခါ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။