၁ ရာ 6:3 - မြန်မာ့စံမီသမ္မာကျမ်း
3 သူတို့ကလည်း “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပြန်ပို့မည်ဆိုလျှင် သေတ္တာတော်သက်သက်ကိုသာ ပြန်မပို့ကြနှင့်။ အပြစ်ဒဏ်ဖြေရာယဇ်နှင့်တကွ ဆက်ဆက်ပြန်ပို့ပေးရမည်။ သို့မှသာ သင်တို့ အနာရောဂါပျောက်ကင်းလိမ့်မည်။ ထို့ပြင် လက်တော်သည် အဘယ်ကြောင့် သင်တို့ထံမှ မရုပ်သိမ်းသေးကြောင်းကိုလည်း သင်တို့သိရလိမ့်မည်”ဟု ပြန်ပြောကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 သူ တို့ က၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် သေ တ္တာ တော် ကို ပြန် ပို့ လိုက် မူ အ ချည်း စည်း မ ပို့ လိုက် ရ။ ပြစ် ဒဏ် ပြေ ရန် အ လှူ ဝတ္ထု ကို ထည့် လှူ လျှင်၊ ရော ဂါ ကင်း သည့် ပြင်၊ လက် တော် တင် ဖိ ခြင်း အ ကြောင်း ကို သိ ကြ လိမ့် မည် ဟု ဟော ကြ ရာ၊
အခန်းကိုကြည့်ပါ။ ကော်ပီ
3 သူတို့ကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ်လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သကာကို ဆက်ဆက်ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ