ထွက်မြောက် 8:18 - မြန်မာ့စံမီသမ္မာကျမ်း18 နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် မှက်ကောင်များဖြစ်လာအောင် ပြုကြသော်လည်း သူတို့မတတ်နိုင်ကြ။ ထို့ကြောင့် မှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ်၌ တွယ်ကပ်လျက်နေ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ဗေ ဒင် တတ် ဝိ ဇ္ဇာ ဆ ရာ တို့ လည်း ဝိ ဇ္ဇာ အ တတ် အား ဖြင့် မြေ လှေး ဖြစ် ပွား စေ ခြင်း ငှါ ထို နည်း တူ ပြု သော် လည်း မ တတ် နိုင် ကြ။ လူ နှင့် တိ ရ စ္ဆာန် တို့၌ မြေ လှေး တွယ် ကပ် လျက် ပင် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဝိဇ္ဇာဆရာတို့လည်း၊ ခြင်ကောင်တို့ကိုဖြစ်စေခြင်းငှာ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။