သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။
ထွက်မြောက် 8:10 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။ Common Language Bible ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်ပြောသည် အတိုင်း ဆုတောင်းပေးပါမည်။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားနှင့်တူ သော အခြားဘုရားမရှိကြောင်းကိုယ်တော် သိပါလိမ့်မည်။- Garrad Bible နက် ဖြန် ဟု ဆို လျှင် ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် တူ သူ မ ရှိ ကြောင်း ကိုယ် တော် သိ စေ ခြင်း အ လို့ ငှါ အ မိန့် တော် အ တိုင်း ဖြစ် လျက်၊ Judson Bible နက်ဖြန်နေ့တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အမိန့်တော်အတိုင်းဖြစ်၍၊ |
သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိပါ။
ထိုသို့ဖြင့် ထာဝရဘုရားဟူသောနာမတော်ရှိသည့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာမြေတစ်ခွင်လုံး၌ အမြင့်ဆုံးသောအရှင်ဖြစ်ကြောင်းကို သူတို့သိကြပါစေသော။
အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
မောရှေကလည်း ဖာရောမင်းကြီးအား “ဖားများကို အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း သုတ်သင်ဖယ်ရှား၍ နိုင်းမြစ်၌သာကျန်ရှိစေရန် အရှင်နှင့် အရှင့်အမှုထမ်းများ၊ အရှင့်ပြည်သူပြည်သားများအတွက် အကျွန်ုပ်ဆုတောင်းရမည့်အချိန်ကို သတ်မှတ်ပေးပါ”ဟု လျှောက်လေ၏။
သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။
မောရှေကလည်း “အကျွန်ုပ်သည် မြို့ထဲမှထွက်သည်နှင့် ထာဝရဘုရားထံသို့ အကျွန်ုပ်၏လက်ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုပိုင်တော်မူကြောင်း အရှင်သိစေရန် မိုးချုန်းသံများရပ်၍ မိုးသီးလည်း ကျတော့မည်မဟုတ်။
မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
သန့်ရှင်းသောအရှင်က “သင်တို့သည် ငါ့ကို မည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူသည် ငါနှင့်တူသနည်း”ဟု မိန့်တော်မူ၏။
ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို အောက်မေ့လော့။ ငါသာလျှင် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ ငါနှင့်တူသောဘုရားမရှိ။
‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏ကြီးမြတ်ခြင်း၊ ကိုယ်တော်၏အားကြီးသောလက်တော်ကို ကိုယ်တော်၏အစေအပါးအား စတင်ဖော်ပြတော်မူပြီ။ အစွမ်းတန်ခိုးကြီးသည့်အမှုကိုကိုယ်တော်ပြုတော်မူသကဲ့သို့ ကောင်းကင်နှင့်မြေကြီးပေါ်၌ အဘယ်မည်သောဘုရား ပြုနိုင်ပါသနည်း။
ငါတို့၏ကျောက်ဆောင်သည် သူတို့၏ကျောက်ဆောင်နှင့်မတူကြောင်းကို ငါတို့၏ရန်သူတို့ပင် အသိအမှတ်ပြုကြ၏။
အို ယေရှုရုန်၊ သင်၏ဘုရားနှင့်တူသောဘုရားမရှိ။ ကိုယ်တော်သည် သင့်ကိုကူညီမစရန် မိုးကောင်းကင်ကိုစီးနင်းတော်မူ၏၊ မိမိအာနုဘော်တော်ဖြင့်မိုးတိမ်ကို စီးနင်းတော်မူ၏။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ကိုယ်တော်မှတစ်ပါး အခြားဘုရားမရှိကြောင်း သင်တို့သိမြင်ရန် ဤအမှုတို့ကို သင်တို့အားပြသတော်မူခြင်းဖြစ်၏။
ထို့ကြောင့် အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၍ အခြားဘုရားမရှိကြောင်းကို ယနေ့ သင်တို့သိမှတ်၍ နှလုံးသွင်းကြလော့။
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။