တရားဟော 3:24 - မြန်မာ့စံမီသမ္မာကျမ်း24 ‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏ကြီးမြတ်ခြင်း၊ ကိုယ်တော်၏အားကြီးသောလက်တော်ကို ကိုယ်တော်၏အစေအပါးအား စတင်ဖော်ပြတော်မူပြီ။ အစွမ်းတန်ခိုးကြီးသည့်အမှုကိုကိုယ်တော်ပြုတော်မူသကဲ့သို့ ကောင်းကင်နှင့်မြေကြီးပေါ်၌ အဘယ်မည်သောဘုရား ပြုနိုင်ပါသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible24 `အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူ မည့်ကြီးမားအံ့သြဖွယ်ကောင်းသောအမှုတော် အရိပ်အမြွက်မျှလောက်ကိုသာ အကျွန်ုပ်အား ပြတော်မူပြီ။ ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ လောက၌လည်းကောင်းကိုယ်တော်နည်းတူကြီး မားသောအမှုတော်များကိုပြုနိုင်သောဘုရား မရှိပါ။- အခန်းကိုကြည့်ပါ။Garrad Bible24 အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ကြီး မြတ် သော ဘုန်း ဂုဏ် နှင့် လက် ရုံး တော် တန် ခိုး ကို၊ ကျွန် တော် မျိုး အား စ တင် ဖော် ပြ တော် မူ လေ ပြီ။ ဤ သို့ တန် ခိုး ကြီး သော အ မှု တော် များ နှင့် အ မျှ စီ ရင် နိုင် သော ဘု ရား သည် ကောင်း ကင် ၌ သော် လည်း ကောင်း၊ မြေ ပ ထ ဝီ ၌ သော် လည်း ကောင်း၊ ရှိ သေး ၏ လော။ အခန်းကိုကြည့်ပါ။Judson Bible24 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အားကြီးသောလက်တော်ကိုလည်းကောင်း ပြစပြုတော်မူပြီ။ ကိုယ်တော်စီရင်၍ တန်ခိုးတော်ကိုပြသည်အတိုင်း၊ ကောင်းကင်မြေကြီးပေါ်မှာ အဘယ်မည်သောဘုရား ပြုနိုင်ပါသနည်း။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။