၂ ရာ 7:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။ အခန်းကိုကြည့်ပါ။Common Language Bible22 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။- အခန်းကိုကြည့်ပါ။Garrad Bible22 သို့ နှင့် အ ညီ၊ အို ထာ ဝ ရ ဘု ရား သ ခင်၊ ကိုယ် တော် သည် ကြီး မြတ် တော် မူ ပါ၏။ အ ကျွန်ုပ် တို့ ကြား သိ သ မျှ တွင် ကိုယ် တော် နှင့် တူ သော ဘု ရား ကိုယ် တော် မှ တစ် ပါး အ ခြား သော ဘု ရား မ ရှိ ပါ။ အခန်းကိုကြည့်ပါ။Judson Bible22 သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမည်မျှမရှိပါ။ အခန်းကိုကြည့်ပါ။ |
လူ့လက်ဖြင့်မဟုတ်ဘဲ ထုခွဲထားသောကျောက်တုံးတစ်တုံးသည် တောင်ပေါ်မှလိမ့်ကျလာပြီး သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေ၊ ရွှေတို့ကို တစ်စစီကျိုးပဲ့စေသည်ကို အရှင်မင်းကြီး မြင်ခဲ့သည်မှာ ကြီးမြတ်တော်မူသောဘုရားသခင်သည် နောင်ကာလ၌ဖြစ်ပျက်မည့်အရာတို့ကို အရှင်မင်းကြီးအား ဖော်ပြပေးခြင်းဖြစ်၏။ အိပ်မက်သည် မှန်ကန်ပါ၏။ အနက်အဓိပ္ပာယ်မှာလည်း ယုံကြည်ရပါ၏”ဟု လျှောက်ဆိုလေ၏။