နောဧသည် ထိုသို့ပြု၏။ မိမိအားဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။
ထွက်မြောက် 40:16 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်း ပြုလေ၏။ Common Language Bible မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း မော ရှေ ပြု လေ ၏။ Judson Bible ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။ |
နောဧသည် ထိုသို့ပြု၏။ မိမိအားဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။
သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
မောရှေနှင့်အာရုန်သည် သူတို့အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း တစ်သဝေမတိမ်းပြုကြ၏။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ထိုခါးပတ်ကို ဝှက်ထားလေ၏။
မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။
ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောရွှေစင်ပြားသရဖူကို ခေါင်းပေါင်းရှေ့ဘက်ခြမ်း၌ တပ်ပေး၏။
မောရှေသည် ထာဝရဘုရားမိန့်မှာသည့်အတိုင်း သိနာတောကန္တာရ၌ ထိုသူတို့ကိုရေတွက်လေ၏။
ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်သည် နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ တည်နေသောအခါလည်း ရှိ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ စခန်းချကြ၏။ မိုးတိမ်ကွာသောအခါမှ ခရီးပြုကြ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။
မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။