Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ထွက်​မြောက် 40 - Garrad Bible

1 တစ် ဖန် ထာ ဝ ရ ဘု ရား သည် မော ရှေ အား မိန့် တော် မူ သည် မှာ၊

2 ပ ထ မ လ နေ့ ဦး၌ တွေ့ ဆုံ၍ စံ တော် မူ ရာ တဲ တော် ကို စိုက် ထူ လော့။

3 အ တွင်း၌ သက် သေ တော် သေ တ္တာ ကို သွင်း ထား၍ ကန့် လန့် ကာ ဖြင့် ကာ လော့။

4 စား ပွဲ တော် ကို လည်း သွင်း၍ ၎င်း အ ပေါ် တွင် ခင်း ကျင်း ရန် ရှိ သ မျှ ကို ခင်း ကျင်း လော့။ မီး ခုံ တော် ကို လည်း သွင်း၍ မီး ခွက် များ ကို တင် ထွန်း လော့။

5 နံ့ သာ ပေါင်း တင် ရှို့ ရန် ရွှေ ပ လ္လင် တော် ကို သက် သေ တော် သေ တ္တာ ရှေ့ တွင် ထား၍ စံ ရာ တော် မုတ် ဝ ပိတ် ရန် ကန့် လန့် ကာ ကို လည်း ကာ ထား လော့။

6 မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ကို လည်း တွေ့ ဆုံ၍ စံ တော် မူ ရာ တဲ တော် မုတ် ဝ ရှေ့ ထား လော့။

7 အင် တုံ ကို လည်း တွေ့ ဆုံ ရာ တဲ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ကြား တွင်၊

8 ရေ ထည့်၍ ထား လော့။ ပတ် လည် တံ တိုင်း ကို လည်း စိုက် ထူ၍ တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ ကို ကာ ထား လော့။

9 ဘိ သိက် သွန်း ရန် ဆီ ကို ယူ၍ စံ ရာ တော် နှင့် တ ကွ ရှိ လေ သ မျှ ကို သွန်း လောင်း လျက် စံ ရာ တော် နှင့် အ သုံး အ ဆောင် ရှိ သ မျှ ကို သီး သန့် စေ လော့။ ထို စံ ရာ တော် သည် သီး သန့် ရာ ရောက် လိမ့် မည်။

10 မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် နှင့် အ သုံး အ ဆောင် ရှိ သ မျှ ကို လည်း ဘိ သိက် ဆီ သွန်း ၍ သီး သန့် စေ သ ဖြင့် ထို ပ လ္လင် တော် သည် အ ထူး သီး သန့် ရာ ရောက် လိမ့် မည်။

11 အင် တုံ နှင့် အောက်​ခြေ ကို လည်း ဘိ သိက် ဆီ သွန်း ၍ သီး သန့် စေ လော့။

12 အာ ရုန် နှင့် သား တို့ ကို တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ သို့ ခေါ်၍ ရေ ဆေး ကြော စေ ပြီး လျှင်၊

13 အာ ရုန် ကို သန့် ရှင်း သော သင်္ကန်း စုံ နှင့် ဆင် ယင် လျက်၊ ပ ရော ဟိတ် အ မှု ကို ငါ ရှေ့ ဆောင် ရွက် စေ ရန် ဘိသိက် သွန်း ၍ သီး သန့် စေ လော့။

14 သား တို့ ကို လည်း ခေါ် ၍ လက် ကျပ် ဝတ် လုံ နှင့် ဆင် ယင် ပြီး လျှင်၊

15 ပ ရော ဟိတ် အ မှု ကို ငါ့ ရှေ့ ဆောင် ရွက် ကြ စေ ရန် သူ တို့ အ ဘ ကို ဘိ သိက် သွန်း သ ကဲ့ သို့ ဘိ သိက် သွန်း ၍ သီး သန့် စေ လော့။ ထို သို့ ဘိ သိက် ခံ ရ ခြင်း သည် သူ တို့ အ မျိုး အ ဆက် မ ပြတ်၊ ပ ရော ဟိတ် ရာ ထူး ကို အ မြဲ ရ ကြ ရန် ဖြစ် သ တည်း ဟု မိန့် တော် မူ ၏။

16 ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း မော ရှေ ပြု လေ ၏။

17 ဒု တိ ယ နှစ်၊ ပ ထ မ လ နေ့ ဦး တွင် စံ ရာ တော် ကို စိုက် ထူ ကြ ၏။

18-19 ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မော ရှေ သည် စံ ရာ တော် ကို စိုက် ထူ ရာ အောက် ခံ ခုံ ချ ထား ခြင်း၊ ဘောင် ခွေ တပ် ခြင်း၊ ကန့် လန့် ကျင် လျှို ခြင်း၊ တိုင် ထူ ခြင်း များ ကို ပြု လေ ၏။ စံ ရာ တော် အ ပေါ် တဲ မိုး ကို ဖြန့် မိုး၍ ၎င်း အ ထက် အ ပေါ် ထပ် မိုး ကို လည်း ကြက် လေ ၏။

20-21 မော ရှေ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း သက် သေ တော် ကို သေ တ္တာ တော် တွင် ထည့်၍ ထမ်း ပိုး များ ကို လျှို လျက် သေ တ္တာ တော် ပေါ် မှာ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို တင် ပြီး လျှင် စံ ရာ တော်၌ သွင်း ထား ၍ ကန့် လန့် ကာ ကို ကာ သ ဖြင့် သက် သေ တော် သေ တ္တာ ကို ကွယ် ထား လေ ၏။

22-23 မော ရှေ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း စား ပွဲ တော် ကို တွေ့ ဆုံ ရာ တဲ တော် အ တွင်း စံ ရာ တော် မြောက် ဘက်၊ ကန့် လန့် ကာ့ ပြင် တွင် ထား ပြီး လျှင် ၎င်း အ ပေါ် မှာ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ မုန့် တော် ကို ခင်း ကျင်း လေ ၏။

24-25 မော ရှေ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မီး ခုံ တော် ကို လည်း တွေ့ ဆုံ ရာ တဲ တော် အ တွင်း၊ စံ ရာ တော် တောင် ဘက် ၌ စား ပွဲ တော် နှင့် တူ ရူ ထား ပြီး လျှင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် မီး ခွက် များ ကို တင် ထွန်း လေ၏။

26-27 မော ရှေ သည်၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပူ ဇော် ရာ ရွှေ ပ လ္လင် တော် ကို တွေ့ ဆုံ ရာ တဲ တော် အ တွင်း ကန့် လန့် ကာ့ ပြင် မှာ ထား ပြီး လျှင် ၎င်း အ ပေါ် တွင် နံ့ သာ ပေါင်း အ သင်း အ ထုံ ကို တင် ရှို့ လေ ၏။

28-29 မော ရှေ သည်၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း စံ ရာ တော် မုတ် ဝ ပိတ် ရန် ကန့် လန့် ကာ ကို ကာ ထား ပြီး လျှင် မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ကို တွေ့ ဆုံ ၍ စံ တော် မူ ရာ တဲ တော် မုတ် ဝ၌ ထား လျက် ၎င်း အ ပေါ် တွင် မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ များ ကို ဆက် ကပ် လေ ၏။

30-32 မော ရှေ သည်၊ ထာ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အင် တုံ ကို တွေ့ ဆုံ ရာ တဲ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ကြား တွင် ဆေး ရန် ရေ ထည့်၍ ထား ပြီး လျှင် မော ရှေ မှ စ၍ အာ ရုန် နှင့် သား တို့ သည်၊ တွေ့ ဆုံ ရာ တဲ တော် သို့ ဝင် သော် လည်း ကောင်း၊ ပ လ္လင် တော် သို့ ချဉ်း ကပ် သော် လည်း ကောင်း၊ လက် ခြေ ကို ရေး ဆေး ကြ ၏။

33 စံ ရာ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ပတ် လည်၌ တံ တိုင်း ကို စိုက် ထူ လျက် တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ ကို ထား ၍ မော ရှေ သည် အ လုပ် အ ဆောင် ကို လက် စ သတ် လေ ၏။

34 ထို အ ခါ တွေ့ ဆုံ ရာ တဲ တော် ကို တိမ် တိုက် လွှမ်း မိုး ၍ စံ ရာ တော် သည် ထာ ဝ ရ ဘုရား ၏ ဘုန်း တော် နှင့် ပြည့် လေ ၏။

35 ထို သို့ တွေ့ ဆုံ ရာ တဲ တော် အ ပေါ်၌ တိမ် တိုက် တည် နေ၍ စံ ရာ တော် သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် နှင့် ပြည့် သော ကြောင့် မော ရှေ မ ဝင် နိုင်။

36 တိမ် တိုက် သည် စံ ရာ တော် မှ တက် သော အ ခါ ဣ သ ရေ လ အ မျိုး သား တို့ ခ ရီး သွား မြဲ သွား ကြ ၏။

37 မ တက် လျှင် မူ ကား မ တက် မ ချင်း မ သွား ဘဲ နေ ကြ ၏။

38 ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ခ ရီး သွား လေ ရာ ရာ တွင် သူ တို့ မျက် မှောက်၌ ထာ ဝ ရ ဘု ရား၏ တိမ် တိုက် သည် နေ့ အ ခါ စံ ရာ တော် အ ပေါ် မှာ တည် လျက် ညဉ့် အ ခါ မီး လျှံ ထွက် လျက် နေ သ တည်း။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ