ယာကုပ်သည် စိမ်းသောပေါ့ပလာပင်၊ ဗာဒံပင်နှင့် ပလိန်းပင်တို့၏အရိုးတံများကိုယူပြီးလျှင် ထိုအရိုးတံတို့၌အဖြူရောင်အတွင်းသားပေါ်ပြီး အဖြူရောင်အစင်းများဖြစ်အောင်ခွာလေ၏။
ထွက်မြောက် 4:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။ Common Language Bible ထာဝရဘုရားက``သင့်လက်ထဲတွင်မည်သည့် အရာရှိသနည်း'' ဟုမေးလျှင်၊ မောရှေက``တောင်ဝှေးရှိပါသည်'' ဟုလျှောက်၏။ Garrad Bible ထာ ဝ ရ ဘု ရား က၊ သင့် လက် ၌ ရှိ သည် ကား ဘယ် အ ရာ နည်း ဟု မေး တော် မူ လျှင် တောင် ဝေး ရှိ ပါ သည် ဟု လျှောက် ရာ၊ Judson Bible ထာဝရဘုရားကလည်း၊ သင်၏လက်၌အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟုလျှောက်၏။ |
ယာကုပ်သည် စိမ်းသောပေါ့ပလာပင်၊ ဗာဒံပင်နှင့် ပလိန်းပင်တို့၏အရိုးတံများကိုယူပြီးလျှင် ထိုအရိုးတံတို့၌အဖြူရောင်အတွင်းသားပေါ်ပြီး အဖြူရောင်အစင်းများဖြစ်အောင်ခွာလေ၏။
ထိုအခါ ဧလိရှဲက “အကျွန်ုပ်မည်သို့ပြုပေးရမည်နည်း။ သင့်အိမ်၌ မည်သည့်ပစ္စည်းရှိသနည်း။ ပြောပြပါ”ဟုဆိုလျှင် ထိုမိန်းမက “အရှင့်အစေအပါး၌ ဆီအိုးတစ်လုံးမှလွဲ၍ တစ်အိမ်လုံးတွင် မည်သည့်ပစ္စည်းမျှ မရှိပါ”ဟု ပြန်ပြော၏။
ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
နံနက်အချိန်၌ ဖာရောမင်းကြီးသည် ရေဆိပ်သို့သွားမည်ဖြစ်၍ သူနှင့်တွေ့ဆုံရန် နိုင်းမြစ်ကမ်းနား၌ သွားစောင့်နေလော့။ မြွေအဖြစ်သို့ပြောင်းလဲခဲ့သောတောင်ဝှေးကိုလည်း သင့်လက်ထဲ၌ ယူဆောင်သွားရမည်။
“သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
နွားအုပ်၊ သို့မဟုတ် သိုးအုပ်၏ဆယ်ဖို့တစ်ဖို့တည်းဟူသော ကြိမ်လုံးအောက်ကိုဖြတ်သွားသည့် ဆယ်ကောင်မြောက်အကောင်အားလုံးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။