Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 7:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 “​သင်​တို့​အား ဖာရော​မင်းကြီး​က ‘​သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှု​များ​ကို​ပြု​လော့​’​ဟု ဆို​လျှင် မောရှေ​က အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ပစ်ချ​လော့​’​ဟု ပြော​ရ​မည်​။ တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ``အ​ကယ်​၍​ဖာ​ရော​ဘု​ရင်​က`ငါ​ယုံ​နိုင်​ရန် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​လော့' ဟု​ဆို​လျှင်​သင် သည်​အာ​ရုန်​အား`ဘု​ရင်​ရှေ့​၌​သင်​၏​တောင် ဝှေး​ကို​ပစ်​ချ​ရန်​ပြော​လော့။ တောင်​ဝှေး​သည် မြွေ​ဖြစ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 တစ် စုံ တစ် ရာ သော သက် သေ နိ မိတ် ကို ပြ ကြ လော့ ဟု ဖာ ရော မင်း ဆို လျှင် တောင် ဝေး ကို မြွေ ဖြစ် အံ့ သော ငှါ ကိုင် ယူ၍ ရှေ့ တော် တွင် ချ စေ ရန် အာ ရုန် အား ကြား ပြော လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ဖာ​ရော​ဘု​ရင်​က၊ သင်​တို့​အ​တွက် ထူး​ဆန်း​သော​တန်​ခိုး​ကို​ပြ​လော့​ဟု​ဆို​လျှင်၊ သင်၏​လှံ​တံ​ကို​ယူ၍ ရှေ့​တော်၌​ချ​လော့​ဟု အာ​ရုန်​အား​ပြော​လော့။ လှံ​တံ​သည်​လည်း မြွေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 7:9
15 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ မောရှေ​သည် မိမိ​တောင်ဝှေး​ကို အီဂျစ်​ပြည်​ပေါ်သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် ထို​ပြည်​ပေါ်သို့ ထို​နေ့​တစ်နေ့လုံး ထို​ည​တစ်ညလုံး အရှေ့​လေ​ကို တိုက်ခတ်​စေ​တော်မူ​၏​။ နံနက်အချိန်​ရောက်​သောအခါ ထို​အရှေ့​လေ​သည် ကျိုင်းကောင်​များ​ကို သယ်ဆောင်​လာ​၏​။


သင်​သည် နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန် ဤ​တောင်ဝှေး​ကို သင့်​လက်​၌​ယူဆောင်​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။


ထို့ကြောင့် မောရှေ​သည် မိမိ​မယား​နှင့်​သား​တို့​ကို​ခေါ်​၍ မြည်း​ပေါ်​တင်​ပြီးလျှင် အီဂျစ်​ပြည်​သို့​ပြန်သွား​လေ​၏​။ မောရှေ​သည် မိမိ​၏​လက်​ထဲ၌ ဘုရားသခင်​၏​တောင်ဝှေး​တော်​ကို ကိုင်ဆောင်​သွား​၏​။


ကိုယ်တော်​က​လည်း “​တောင်ဝှေး​ကို မြေ​ပေါ်သို့ ပစ်ချ​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မြေ​ပေါ်သို့ ပစ်ချ​၏​။ ထိုအခါ တောင်ဝှေး​သည် မြွေ​ဖြစ်​သွား​သဖြင့် မောရှေ​သည် ထို​မြွေ​ရှေ့​မှ ထွက်ပြေး​လေ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား


ထိုအခါ မောရှေ​သည် မိမိ​၏​တောင်ဝှေး​ကို မိုးကောင်းကင်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကို လွှတ်​တော်မူ​၏​။ မီး​သည်​လည်း မြေ​ပေါ်သို့​ကျလာ​၏​။ ထာဝရဘုရား​သည် အီဂျစ်​ပြည်​အပေါ်​သို့ မိုးသီး​ကို ရွာကျ​စေ​တော်မူ​၏​။


“​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ နိမိတ်လက္ခဏာ​ကို တောင်း​လော့​။ နက်​သော​မရဏာနိုင်ငံ​မှ​ဖြစ်စေ​၊ မြင့်​သော​အထက်​အရပ်​မှ​ဖြစ်စေ တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ နိုင်း​မြစ်​ကို​ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​လျက် မြစ်ချောင်း​ထဲ​တွင် လဲလျောင်း​နေ​သော​သတ္တဝါကြီး​၊ သင့်​ကို ငါ​ဆန့်ကျင်​မည်​။


ကိုယ်တော်​က​လည်း“ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်မည်​မ​ဟုတ်။


သို့သော် ငါ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​သော်လည်း ထို​အမှု​တော်​များ​ကို ယုံကြည်​ကြ​လော့။ ထိုသို့​ယုံကြည်​ပါက ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​လျက် ငါ​သည် ခမည်းတော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိရှိ​၍​နားလည်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ဂျူး​လူမျိုး​တို့​က ကိုယ်တော်​အား “သင်​သည် ဤသို့​ပြု​ခြင်း​အတွက် မည်သည့်​နိမိတ်​လက္ခဏာ​ကို ငါ​တို့​အား​ပြ​မည်နည်း”​ဟု ဆို​ကြ​၏။


သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ