Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 4:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ ဧလိရှဲ​က “​အကျွန်ုပ်​မည်သို့​ပြု​ပေး​ရ​မည်နည်း​။ သင့်​အိမ်​၌ မည်သည့်​ပစ္စည်း​ရှိ​သနည်း​။ ပြောပြ​ပါ​”​ဟု​ဆို​လျှင် ထို​မိန်းမ​က “​အရှင့်​အစေအပါး​၌ ဆီအိုး​တစ်​လုံး​မှလွဲ၍ တစ်အိမ်လုံး​တွင် မည်သည့်​ပစ္စည်း​မျှ မ​ရှိ​ပါ​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဧ လိ ရှဲ က၊ သင့် အ တွက် မည် သို့ ပြု စေ လို သ နည်း။ သင့် အိမ် တွင် ဘာ ရှိ သ နည်း။ ပြော လော့ ဟု မေး လျှင် အ ရှင့် တ ပည့် တော် မ အိမ် တွင် ဆီ ဘူး တစ် လုံး မှ တစ် ပါး၊ မည် သည် မျှ မ ရှိ ပါ ဟု လျှောက် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဧ​လိ​ရှဲ​က​လည်း၊ သင့်​အ​ဖို့ အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ သင့်​အိမ်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မ​အိမ်၌ ဆီ​အိုး​တစ်​လုံး​မှ​တစ်​ပါး အ​ဘယ်​ဥ​စ္စာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 4:2
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထို​မုဆိုးမ​က “​သင်​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​၌ မုန့်​မ​ရှိ​ပါ​။ အိုး​ထဲ၌ လက်တစ်ဆုပ်စာ​မုန့်ညက်​နှင့် ဘူး​ထဲ၌​ဆီ​အနည်းငယ်​သာ ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ထင်း​နှစ်​ချောင်း​ကို ကောက်​ပြီးလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​သား​အဖို့ မုန့်​ပြန်ဖုတ်​ပါ​မည်​။ ထို​မုန့်​ကို​စား​ပြီးလျှင် အကျွန်ုပ်​တို့ သေ​ဖို့​သာ​ကျန်​ပါ​တော့​သည်​”​ဟု ပြန်ပြော​၏​။


သူ​တို့ မြစ်​ကို​ဖြတ်ကူး​ပြီးလျှင် ဧလိယ​က ဧလိရှဲ​အား “​ငါ​သည် သင့်​ထံမှ ဆောင်ယူ​သွား​ခြင်း​မ​ခံရ​မီ သင့်​အဖို့ မည်သည့်​အရာ​ပြု​ပေး​ရ​မည်​ကို ပြော​ပါ​လော့​”​ဟု ဆို​လျှင် ဧလိရှဲ​က “​အရှင့်​ထံ၌​ရှိ​သော​ဝိညာဉ်​မျိုး အကျွန်ုပ်​၌ နှစ်ဆ​ရှိ​ပါစေသော​”​ဟု တောင်းဆို​၏​။


ဧလိရှဲ​က​လည်း “​သင့်​ဝန်းကျင်​ရှိ​အိမ်နီးချင်း​အားလုံး​တို့​ထံသို့​သွား​၍ အိုး​ငှား​ခဲ့​ပါ​။ အိုး​လွတ်​တို့​ကို​ရ​နိုင်​သမျှ များများ​ငှား​ခဲ့​ပါ​။


ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။


ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။


ထိုအခါ ပေတရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့သော် ရှိ​သည့်​အရာ​ကို သင့်​အား ငါ​ပေး​မည်။ နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ထ​၍ လမ်းလျှောက်​လော့”​ဟု ဆို​လျက်


ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။


ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ