ရှင်ဘုရင်ထံသွား၍ ဤစကားများကို လျှောက်တင်ရမည်”ဟု ဆိုပြီး သူပြောရမည့်စကားများကို ယွာဘသင်ပေး၏။
ထွက်မြောက် 4:15 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။ Common Language Bible သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။- Garrad Bible သူ သည် မု ချ ပြန် ပြော မည် ကို ငါ သိ၏။ သင့် ကို ကြို ဆို ရန် သူ ထွက် လာ ပြီ။ တွေ့ မြင် သော အ ခါ စိတ် နှ လုံး ရွှင် လိမ့် မည်။ သင် သည် သူ့ ကို နှုတ် ထည့် စ ကား ပြော၍ သင့် နှုတ် ၌ လည်း ကောင်း၊ သူ့ နှုတ် ၌ လည်း ကောင်း၊ ငါ တည် နေ လျက် မည် သို့ ပြု ကြ ရ မည် ကို လည်း သွန် သင် အံ့။ Judson Bible သင်သည်သူနှင့်စကားပြော၍၊ သူပြောစရာစကားကိုပေးရမည်။ သင်၏နှုတ်၌လည်းကောင်း၊ သူ၏နှုတ်၌လည်းကောင်းငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။ |
ရှင်ဘုရင်ထံသွား၍ ဤစကားများကို လျှောက်တင်ရမည်”ဟု ဆိုပြီး သူပြောရမည့်စကားများကို ယွာဘသင်ပေး၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။ ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။
ဘုရားသခင်က “အကယ်စင်စစ် သင်နှင့်အတူငါရှိမည်။ သင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာပြီးလျှင် ဤတောင်ပေါ်၌ သင်တို့သည် ဘုရားသခင်ကို ဝတ်ပြုရကြလိမ့်မည်။ ဤသည်ကား သင့်ကို ငါစေလွှတ်ကြောင်း လက္ခဏာသက်သေဖြစ်သည်”ဟု မိန့်တော်မူ၏။
ယခု သွားလော့။ ငါသည် သင့်နှုတ်နှင့်အတူရှိမည်။ သင်ပြောဆိုရမည့်အရာကို သင့်အား ငါသွန်သင်မည်”ဟု မိန့်တော်မူ၏။
မောရှေသည် မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံနှင့် မိမိပြုရန် မိန့်မှာတော်မူသောနိမိတ်လက္ခဏာအလုံးစုံတို့ကို အာရုန်အားပြောကြားလေ၏။
မောရှေအား ထာဝရဘုရားမိန့်တော်မူသောစကားအားလုံးကို အာရုန်သည် ထိုသူတို့အား ပြောကြား၍ အစ္စရေးလူမျိုးတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာတို့ကိုပြလေ၏။
မိုးကောင်းကင်ကိုနေရာချထားရန်၊ ကမ္ဘာမြေကြီးကို အုတ်မြစ်ချထားရန်နှင့် ဇိအုန်မြို့သားအား ‘သင်သည် ငါ၏လူမျိုးတော်ဖြစ်၏’ဟု ပြောကြားရန် သင့်နှုတ်၌ ငါ့စကားကို သွင်းထားပြီ။ သင့်ကို ငါ့လက်အရိပ်ဖြင့် မိုးထားပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။
ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။
မောရှေက သူတို့အား “ဤအမှုအားလုံးကို ငါ့စိတ်သဘောအတိုင်း ငါပြုသည်မဟုတ်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူ၍ ငါပြုခြင်းဖြစ်ကြောင်း ဤနည်းဖြင့် သင်တို့ သိကြရမည်။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။
ဗာလမ်ကလည်း “ငါ၏နှုတ်၌ ထာဝရဘုရားသွင်းပေးတော်မူသောစကားကိုသာပြောရန် ငါသတိပြုရမည်မဟုတ်လော”ဟု ဆိုလျက် ပြန်ဖြေလေ၏။
ထာဝရဘုရားသည် ဗာလမ်နှင့်တွေ့၍ ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီး “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီးလျှင် “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
အကြောင်းမူကား သခင်ဘုရားထံမှ ငါခံယူရရှိသောအရာကို သင်တို့အား ငါပေးအပ်၏။ ထိုအရာမှာ သခင်ယေရှုသည် အပ်နှံခြင်းခံရသောည၌ မုန့်ကိုယူ၍
ညီအစ်ကိုတို့၊ သင်တို့အား ငါဟောပြောခဲ့၍ သင်တို့လက်ခံခဲ့သည်သာမက ၎င်းအပေါ်၌ သင်တို့ရပ်တည်ခဲ့သည့် ကောင်းမြတ်သောသတင်းကို သင်တို့အား တစ်ဖန် ငါသိစေအပ်ပါ၏။
သူတို့၏အမျိုးသားချင်းများထဲမှ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အတွက် ငါပေါ်ထွန်းစေမည်။ သူ့နှုတ်၌ ငါ့စကားများကို သွင်းပေးမည်ဖြစ်၍ ငါမိန့်မှာသောအရာရှိသမျှကို သူတို့အား ဆင့်ဆိုလိမ့်မည်။
သင်မူကား ငါ့ထံပါး ဤနေရာ၌ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးမည့်ပြည်၌ သူတို့လိုက်နာရန် သူတို့အား သင်ကြားပေးရမည့် ပညတ်တော်အလုံးစုံ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင့်အား ငါမိန့်ဆိုမည်’ဟု ငါ့အား မိန့်တော်မူ၏။
ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။