ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။
ထွက်မြောက် 39:15 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရင်ခံပြားအတွက် ကျစ်ဆံမြီးပုံစံကြိုးကို ရွှေစင်ဖြင့် သွန်းလုပ်၏။ Common Language Bible သူတို့သည်ရင်ဖုံးအတွက်ရွှေကြိုးလိမ် များကိုပြုလုပ်၏။- Garrad Bible ရင် လွှမ်း၌ ရွှေ စင် နန်း ကြိုး လိမ် နှစ် ပင်၊ ရွှေ ပန်း ထည် နှစ် ခု နှင့် ရွှေ နှစ် ကွင်း ကို လုပ် ပြီး မှ၊ ရင် လွှမ်း နှစ် စွန်း၌ ထို နှစ် ကွင်း ကို လည်း ကောင်း၊ ထို နှစ် ကွင်း၌ ရွှေ နန်း ကြိုး လိမ် နှစ် ပင် ကို လည်း ကောင်း၊ တပ် ထား လျက်၊ Judson Bible ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကိုလည်းကောင်း၊ ရွှေကျောက်အိုး နှစ်လုံးကိုလည်းကောင်း ကျစ်သောရွှေကြိုး နှစ်ပင်ကိုလည်းကောင်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲလေ၏။ |
ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။
ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။
ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတစ်ဆယ့်နှစ်ယောက်တို့၏အမည်များအလိုက် စီထား၏။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုး၏။
ရွှေကျောက်မျက်အိုးနှစ်ခုနှင့် ရွှေကွင်းနှစ်ကွင်းကိုလည်းလုပ်၍ ထိုကွင်းနှစ်ကွင်းကို ရင်ခံပြားအစွန်းနှစ်ဖက်၌ တပ်၏။
ခြယ်သထားသောသင့်ပါးတို့သည် တင့်တယ်လှပေ၏။ သင့်လည်တိုင်သည်လည်း လည်ဆွဲရတနာတို့ဖြင့် တင့်တယ်လှပေ၏။”
ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။
အကျွန်ုပ်သည် သူတို့နှင့်အတူရှိစဉ်တွင် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော ကိုယ်တော်၏နာမတော်၌ သူတို့ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပါ၏။ သူတို့တွင် ပျက်စီးခြင်း၏သားမှတစ်ပါး မည်သူမျှမပျက်စီးခဲ့ပါ။ ထိုသူပျက်စီးခဲ့ရခြင်းမှာ ကျမ်းစာပြည့်စုံစေရန်ဖြစ်၏။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။