ထွက်မြောက် 28:14 - မြန်မာ့စံမီသမ္မာကျမ်း14 ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible14 ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။ အခန်းကိုကြည့်ပါ။Judson Bible14 အဆုံး၌တပ်ရသောကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍လုပ်ပြီးမှ ကျောက်အိုး၌တွဲရမည်။ အခန်းကိုကြည့်ပါ။ |
တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင်ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။