Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 39:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို​ကျောက်​တစ်ဆယ့်​နှစ်​လုံး​သည် အစ္စရေး​၏​သား​တစ်ဆယ့်နှစ်​ယောက်​တို့​၏​အမည်​များ​အလိုက် စီထား​၏​။ ကမ္ပည်း​တံဆိပ်​အဖြစ် မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​၏​နာမည်​ကို ကျောက်​တစ်လုံးစီ​၌ ရေးထိုး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ဣ သ ရေ လ၏ သား တို့ အ မည် အ လိုက် ထို ကျောက် မျက် များ တွင် ရေး တင်၍ အ သီး အ သီး အ မည် အ လျောက် ဆယ့် နှစ် နွယ် အ မှတ် အ ဖြစ် ဆယ့် နှစ် လုံး ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​ရှိ​သည်​အ​တိုင်း တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထို​ကျောက်​တို့၌ ထို​တစ်​ဆယ်​နှစ်​ပါး​သော နာ​မည်​အ​သီး​အ​သီး​တို့​ကို​တင်​လျက် ကျောက်​တစ်​လုံး​လျှင် နာ​မည်​တစ်​ပါး​စီ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 39:14
4 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ကျောက်​နှစ်​လုံး​အပေါ်​၌ ကျောက်ဆစ်​အတတ်ပညာ​ဖြင့် ကမ္ပည်းထိုး​၍ ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​ရ​မည်​။


စတုတ္ထ​အတန်း​ကား ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့ ဖြစ်​၏​။ ၎င်း​တို့​ကို ရွှေ​ကျောက်မျက်အိုး​ထဲ၌ ထားရှိ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​၏​။


ထို​မြို့​တွင် ကြီးမား​၍​မြင့်​လှ​သော​မြို့ရိုး​ရှိ​လျက် တံခါး​တစ်ဆယ့်နှစ်​ပေါက်​ရှိ​၏။ တံခါး​များ​တွင် ကောင်းကင်​တမန်​တစ်ဆယ့်နှစ်​ပါး​ရှိ​၍ ထို​တံခါး​များ​ပေါ်၌ အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်စု​တစ်ဆယ့်နှစ်​နွယ်​တို့​၏​အမည်​နာမ​များ​ကို ရေးထိုး​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ