တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။
ထွက်မြောက် 38:17 - မြန်မာ့စံမီသမ္မာကျမ်း တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်၏။ တိုင်ထိပ်ကို ငွေဖြင့်မွမ်းမံ၏။ ဝင်းတိုင်အားလုံး၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်၏။ Common Language Bible တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။- Garrad Bible တိုင် များ၌ ကြေး အောက် ခံ ခုံ၊ ငွေ မှို၊ ငွေ ထိပ် ပတ် ရှိ၍ တိုင် ထိပ် များ လည်း ငွေ မွမ်း မံ လျက် ရှိ ၏။ တံ တိုင်း တိုင် ဟူ သ မျှ လည်း ငွေ ထိပ် ပတ် ရှိ ၏။ Judson Bible တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်းရှိသမျှတို့သည် ငွေတန်းဖြစ်၏။ |
တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကိုလုပ်၏။ ထိုလိုက်ကာ၏အလျားသည် အတောင်နှစ်ဆယ်၊ အနံသည် ဝင်းအကာ၏အမြင့်အတိုင်း ငါးတောင်ရှိ၏။
မေရာရိသားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊ တန်ဆာပလာအားလုံး၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှ၊
ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများစသည့်တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို လုပ်ဆောင်ရမည်။ သူတို့သယ်ဆောင်ရမည့်ပစ္စည်းတို့ကို အမည်နှင့်တကွ ချမှတ်ပေးရမည်။