ထွက်မြောက် 34:11 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ သင့်အား ငါမိန့်မှာသောအရာကို သင်စောင့်ထိန်းလော့။ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်မည်။ Common Language Bible ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။- Garrad Bible ယ နေ့ ငါ မိန့် မှာ ချက် ကို စောင့် ရှောက် လော့။ အာ မော ရိ၊ ခါ န နိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ ကို သင် တို့ ရှေ့ က ငါ နှင် ထုတ် ရာ၊ Judson Bible ယနေ့ငါမှာထားသောစကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည်။ |
ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
ငါသည် ပျားတူများကို သင့်ရှေ့မှ စေလွှတ်သဖြင့် ၎င်းတို့သည် ဟိဝိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်ကြလိမ့်မည်။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကောင်းကင်တမန်ကို သင့်ရှေ့မှ ငါစေလွှတ်မည်။ ခါနာန်လူမျိုး၊ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို ငါနှင်ထုတ်မည်။
အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သုံးရက်ခရီးအကွာအဝေးရှိသော တောကန္တာရသို့သွား၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ကြပါမည်”ဟု လျှောက်လေ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ အစဉ်ကောင်းစားမည့်အကြောင်း သင့်အား ငါမှာကြားထားသော ဤစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလော့။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မှန်သောအမှုတို့ကိုပြုခြင်းဖြစ်၏။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့ထက် သင့်ကိုချီးမြှင့်တော်မူမည်။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာစောင့်ထိန်းရမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ လွှဲမသွားရ။
ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်း ကိုယ်တော်၏ရှေ့တော်၌ ပညတ်တော်ရှိသမျှတို့ကိုလိုက်နာစောင့်ထိန်းလျှင် ငါတို့ကို ဖြောင့်မတ်စေမည်’ဟု ပြောပြရမည်။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်တော်မူမည်။ သင်တို့၏ရှေ့မှဖယ်ရှားတော်မူမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သင်တို့သည် ထိုလူမျိုးတို့၏ပြည်ကို အပိုင်ရလိမ့်မည်။