ထွက်မြောက် 34:11 - Common Language Bible11 ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ယ နေ့ ငါ မိန့် မှာ ချက် ကို စောင့် ရှောက် လော့။ အာ မော ရိ၊ ခါ န နိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ ကို သင် တို့ ရှေ့ က ငါ နှင် ထုတ် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible11 ယနေ့ငါမှာထားသောစကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ယနေ့ သင့်အား ငါမိန့်မှာသောအရာကို သင်စောင့်ထိန်းလော့။ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
ငါတို့သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းနာခံလျှင် ကိုယ်တော်သည်ငါ တို့၏နိုင်ငံကိုအစဉ်စောင့်ရှောက်၍သာယာ ဝပြောစေတော်မူမည်။ ငါတို့သည်ဘုရားသခင်ပညတ်တော်မူသမျှကိုတစ်သဝေ မတိမ်းလိုက်နာလျှင် ထာဝရဘုရားသည် ငါတို့အားနှစ်သက်တော်မူလိမ့်မည်' ဟူ၍ ဖြေကြားလော့။''
အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
သင်တို့သည်သိမ်းယူရန်ကျန်ရှိနေသေးသော နိုင်ငံများသို့ချီတက်တိုက်ခိုက်သောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုနိုင်ငံသားတို့ကိုသင်တို့ထံမှဆုတ် ခွာထွက်ပြေးစေတော်မူလိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိ တော်အတိုင်းသင်တို့သည်သူတို့၏နယ် မြေကိုသိမ်းပိုက်ကြလိမ့်မည်။-