ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်သည် ဆီထည့်ထားသောချိုကို တဲတော်ထဲမှယူ၍ ရှောလမုန်ကို ဘိသိက်ပေး၏။ ထို့နောက် သူတို့သည် တံပိုးကိုမှုတ်လျှင် လူအပေါင်းတို့က “ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
ထွက်မြောက် 30:25 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသောဘိသိက်ဆီအဖြစ် အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာဆီကိုဖော်စပ်လော့။ ၎င်းသည် သန့်ရှင်းသောဘိသိက်ဆီဖြစ်ရမည်။ Common Language Bible ဆီမွှေးကဲ့သို့ဘိသိက်ဆီကိုဖော်စပ်လော့။ Garrad Bible အ မွှေး ပ ညာ သည် အ တတ် အ တိုင်းဖော် စပ် သော အ မွှေး အ ကြိုင်၊ သီး သန့် ရာ ဘိ သိက် ဆီ ကို လုပ် လော့။ သီး သန့် ရာ ဘိ သိက် ဆီ ဖြစ် သည့် နှင့် အ ညီ၊ Judson Bible ဆေးသမားအတတ်နှင့် ဖယောင်းဆီကိုဖော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသောနံ့သာဆီကိုဖော်ပြီးမှ၊ |
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်သည် ဆီထည့်ထားသောချိုကို တဲတော်ထဲမှယူ၍ ရှောလမုန်ကို ဘိသိက်ပေး၏။ ထို့နောက် သူတို့သည် တံပိုးကိုမှုတ်လျှင် လူအပေါင်းတို့က “ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
ယဇ်ပုရောဟိတ်တို့၏သားမြေးအချို့တို့သည် အမွှေးနံ့သာဆီများကို ဖော်စပ်ပေးရ၏။
ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့် အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။
ငါ၏အစေအပါးဒါဝိဒ်ကို ငါရှာတွေ့၍ ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးပြီ။
၎င်းတို့ကို သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများအား ဝတ်ဆင်စေရမည်။ သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သူတို့ကို ဘိသိက်ပေးရမည်။ သူတို့ကိုခန့်အပ်ရမည်။ သူတို့ကိုသန့်ရှင်းစေရမည်။
ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့နှင့် ဘိသိက်ဆီအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာပေါ်၌လည်းကောင်း၊ သူ့သားတို့နှင့် သူ့သားတို့၏အဝတ်တန်ဆာပေါ်၌လည်းကောင်း ဖျန်းရမည်။ သို့ပြုလျှင် အာရုန်နှင့်သူ၏အဝတ်တန်ဆာသည်လည်းကောင်း၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာသည်လည်းကောင်း သန့်ရှင်းလိမ့်မည်။
ထိုဆီကို လူ၏ကိုယ်ခန္ဓာ၌ မလိမ်းရ။ ထိုဆီဖော်စပ်နည်းအတိုင်း အခြားဆီကို မဖော်စပ်ရ။ ဤဆီသည် သန့်ရှင်း၏။ သင်တို့အဖို့လည်း သန့်ရှင်းသောဆီဖြစ်ရမည်။
၎င်းတို့ကို အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာပေါင်းဖော်စပ်၍ သန့်ရှင်းစင်ကြယ်အောင် ဆားခတ်ရမည်။
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏ထမ်းပိုးများကိုလည်းကောင်း၊ ဘိသိက်ဆီနှင့် အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ အဝင်ဝလိုက်ကာကိုလည်းကောင်း၊
အမွှေးနံ့သာဖော်စပ်နည်းအတိုင်း သန့်ရှင်းသောဘိသိက်ဆီ၊ စင်ကြယ်သောအမွှေးနံ့သာပေါင်းတို့ကို ဖော်စပ်၏။
ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဘိသိက်သွန်း၍ ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုအခါ ကိန်းဝပ်တော်မူရာတဲတော်သည် သန့်ရှင်းလိမ့်မည်။
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် အထဲရှိအရာအားလုံးကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
“အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး
လူသတ်မိသောသူကို သွေးကြွေးအတွက်လက်စားချေပေးသောသူလက်မှကယ်နုတ်ရမည်။ သူထွက်ပြေးပြီး သွားရောက်ခိုလှုံခဲ့သောမြို့သို့ သူ့ကိုပြန်ပို့ရမည်။ သန့်ရှင်းသောဆီဖြင့်ဘိသိက်ခံယဇ်ပုရောဟိတ်မင်း ကွယ်လွန်သည့်တိုင်အောင် သူသည် ထိုမြို့၌နေရမည်။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”