ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
ထွက်မြောက် 30:14 - မြန်မာ့စံမီသမ္မာကျမ်း အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့သည် ထာဝရဘုရားအား အလှူပစ္စည်းပေးလှူရမည်။ Common Language Bible အသက်နှစ်ဆယ်နှင့်အထက်ရှိသောသန်း ခေါင်စာရင်းဝင်သူတိုင်းသည်၊ ငါ့အားအခွန် ငွေဆက်ကပ်ရမည်။- Garrad Bible အ သက် နှစ် ဆယ် ရွယ် နှင့် တိုး တက် ကျော် လွန်၍ ရေ တွက် စု ရုံး ပြီး သူ တို့ ထံ ကူး သွား ရ သူ တိုင်း ငါ ထာ ဝ ရ ဘု ရား အား လှူ စေ။ Judson Bible အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သကာကို ထာဝရဘုရားအားပြုရမည်။ |
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် ထာဝရဘုရားအား အလှူပစ္စည်းကိုဆက်ကပ်သောအခါ ချမ်းသာသောသူသည် ရှယ်ကယ်တစ်ဝက်ထက် ပို၍မဆက်ကပ်ရ။ ဆင်းရဲသောသူသည်လည်း ရှယ်ကယ်တစ်ဝက်ထက် လျှော့၍မဆက်ကပ်ရ။
တစ်ရှယ်ကယ်သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့သည် နှစ်ဆယ်ရှယ်ကယ်အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
ပြည်သူပြည်သားအပေါင်းတို့သည် ထိုအလှူပစ္စည်းကို အစ္စရေးမင်းသားထံ ပေးအပ်ရမည်။
ဒုတိယလ၊ ပထမနေ့၌ လူထုအပေါင်းတို့ကို စုရုံးစေပြီးလျှင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိသူ တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့မျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းကောက်ယူလေ၏။
အစ္စရေး၏သားဦးဖြစ်သော ရုဗင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ
သင်နှင့်အာရုန်သည် အစ္စရေးလူမျိုးထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို တပ်ဖွဲ့အလိုက် ရေတွက်ရမည်။
စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက်စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို သူတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့”ဟု မိန့်တော်မူ၏။
‘အီဂျစ်ပြည်မှထွက်လာသောသူတို့သည် ငါ့နောက်သို့လုံးလုံးမလိုက်သောကြောင့် ထိုပြည်ကို အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း အသက်နှစ်ဆယ်အရွယ်နှင့် အထက်ရှိသောသူတို့သည် ထိုပြည်ကို မြင်ရလိမ့်မည်မဟုတ်။