ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့် အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။
ထွက်မြောက် 29:7 - မြန်မာ့စံမီသမ္မာကျမ်း ဘိသိက်ဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းလျက် သူ့ကိုဘိသိက်ပေးရမည်။ Common Language Bible ထိုနောက်သူ၏ဦးခေါင်းပေါ်မှာဘိသိက်ဆီ လောင်းလျက်ဘိသိက်ပေးရမည်။ Garrad Bible ဘိ သိက် ဆီ ကို ယူ လျက် ဦး ခေါင်း ပေါ် တွင် သွန်း လောင်း လော့။ Judson Bible ထိုအခါ လိမ်းစရာဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းသဖြင့် သူ့ကိုလိမ်းရမည်။ |
ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့် အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။
ငါ၏အစေအပါးဒါဝိဒ်ကို ငါရှာတွေ့၍ ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးပြီ။
၎င်းတို့ကို သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများအား ဝတ်ဆင်စေရမည်။ သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သူတို့ကို ဘိသိက်ပေးရမည်။ သူတို့ကိုခန့်အပ်ရမည်။ သူတို့ကိုသန့်ရှင်းစေရမည်။
အာရုန်ကို သန့်ရှင်းသောအဝတ်တန်ဆာ ဝတ်ဆင်ပေးရမည်။ သူသည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌ အမှုတော်ကိုဆောင်ရွက်ရန် သူ့ကိုဘိသိက်ပေး၍ သန့်ရှင်းစေရမည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
သင်တို့အပေါ် ထာဝရဘုရား၏ဘိသိက်ဆီ သွန်းလောင်းထားသည်ဖြစ်၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ သင်တို့ မထွက်သွားရ။ ထွက်သွားလျှင် သင်တို့ သေကြရလိမ့်မည်”ဟု ဆို၏။ သို့ဖြစ်၍ မောရှေ၏စကားအတိုင်း သူတို့ပြုကြ၏။
ခေါင်းပေါ်၌ဘိသိက်ဆီသွန်းလောင်း၍ အဝတ်တန်ဆာဝတ်ဆင်ရန် အပ်နှင်းခြင်းခံရသူ၊ မိမိအမျိုးသားချင်းတို့တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သူသည် ဆံပင်ဖားလျားမချရ။ မိမိအဝတ်ကို မဆုတ်ရ။
ဘုရားသခင်၏ဆက်ကပ်ခြင်းဆိုင်ရာဘိသိက်ဆီသည် သူ့အပေါ်၌ရှိသည်ဖြစ်၍ သူသည် သန့်ရှင်းရာဌာနထဲမှ မထွက်ရ။ ဘုရားသခင်၏သန့်ရှင်းရာဌာနကို မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။
သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။
လူသတ်မိသောသူကို သွေးကြွေးအတွက်လက်စားချေပေးသောသူလက်မှကယ်နုတ်ရမည်။ သူထွက်ပြေးပြီး သွားရောက်ခိုလှုံခဲ့သောမြို့သို့ သူ့ကိုပြန်ပို့ရမည်။ သန့်ရှင်းသောဆီဖြင့်ဘိသိက်ခံယဇ်ပုရောဟိတ်မင်း ကွယ်လွန်သည့်တိုင်အောင် သူသည် ထိုမြို့၌နေရမည်။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။