ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။
ထွက်မြောက် 25:40 - မြန်မာ့စံမီသမ္မာကျမ်း တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။ Common Language Bible တောင်ပေါ်တွင်သင့်အားငါပြသောပုံစံနှင့် အညီပြုလုပ်ရန်သတိပြုလော့။ Garrad Bible တောင် ပေါ် မှာ သင့် အား ပြ သော ပုံ စံ နှင့် အ ညီ လုပ် ရန် သ တိ ပြု လော့။ Judson Bible တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာလုပ်ခြင်းငှာ သတိပြုရမည်။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။
“ဤပုံစံအားလုံးကို ထာဝရဘုရား ရေးဆွဲထားပြီး လုပ်ဆောင်ရမည့်ပုံစံအသေးစိတ်ကို ငါ့အား သိနားလည်စေတော်မူပြီ”ဟု ဆိုလေ၏။
ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။
ဆီမီးခုံမှစ၍ ဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကို ရွှေစင်တစ်တာလန်နှင့် ထုလုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏ပုံစံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့၏ပုံစံကို သင့်အားငါပြသမျှအတိုင်း သင်တို့လုပ်ရမည်။
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်ပုံစံအတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကို တည်ရမည်။
ယဇ်ပလ္လင်ကို ပျဉ်ပြားများဖြင့် လုပ်ရမည်။ အတွင်း၌ အခေါင်းပေါက်ဖြစ်ရမည်။ တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်အတိုင်း လုပ်ကြရမည်။
ဘိသိက်ဆီကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်အတွက် အမွှေးနံ့သာပေါင်းကိုလည်းကောင်း သင့်အားငါမိန့်မှာသမျှအတိုင်း ပြုလုပ်ကြရမည်”ဟု မိန့်တော်မူ၏။
မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။
ဆီမီးခုံကို ဤသို့ထုလုပ်ထား၏။ မောရှေအား ထာဝရဘုရားပြခဲ့သည့်ပုံစံအတိုင်း ဆီမီးခုံကို ဆီမီးခုံတိုင်မှစ၍ ပွင့်ဖတ်အထိ ရွှေဖြင့်ထုလုပ်ထား၏။
ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။
မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။
နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။