ထွက်မြောက် 36:2 - မြန်မာ့စံမီသမ္မာကျမ်း2 မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 တစ် ဖန် မော ရှေ သည်၊ ဗေ ဇ လေ လ နှင့် အ ဟော လျ ဘ တို့ မှ စ၍ ဉာဏ် ပ ညာ ကို ထာ ဝ ရ ဘု ရား သွင်း ပေး တော် မူ သည့် သု ခ မိန် အ ပေါင်း တည်း ဟူ သော အ မှု အ ရေး လုပ် ဆောင် ရန် စိတ် ပါ ကိုယ် ရောက် လာ သူ အ ပေါင်း တို့ ကို ခေါ် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible2 တစ်ဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားပေးတော်မူသော ဉာဏ်သဘောကိုရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။