ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
ထွက်မြောက် 22:23 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။ Common Language Bible သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။ Garrad Bible ညှဉ်း ပန်း ခံ ရ သ ဖြင့် ငါ့ ထံ အော် ဟစ် လျှင် ထို ဟစ် သံ ကို မု ချ ငါ နား ညောင်း သည် နှင့် အ ညီ၊ Judson Bible နှောင့်ယှက်ခြင်း တစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အားအနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကိုအမှန်ကြား၍၊ |
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
လူတို့သည် အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံရသောကြောင့် အော်ဟစ်ငိုယိုတတ်ကြ၏။ အားကြီးသူတို့ နှိပ်စက်သောကြောင့် အကူအညီအော်ဟစ်တောင်းခံတတ်ကြ၏။
သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍ နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ရောက်ပါ၏။
ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
အကြောင်းမူကား ၎င်းသည် သူ၏တစ်ခုတည်းသောခြုံစရာ၊ သူ၏ကိုယ်ခန္ဓာအတွက် ခြုံထည်ဖြစ်သဖြင့် သူသည် မည်သည့်အရာကိုခြုံ၍ အိပ်မည်နည်း။ ငါသည် သနားကြင်နာတတ်သည်ဖြစ်၍ သူသည် ငါ့ထံ အော်ဟစ်တောင်းလျှောက်သောအခါ ငါနားထောင်မည်။
အကျွန်ုပ်တို့သည် ဖခင်မရှိသော ဖတဆိုးများဖြစ်ကြပြီ။ မိခင်သည်လည်း မုဆိုးမ ဖြစ်ရလေပြီ။
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
ဖတဆိုးနှင့်မုဆိုးမတို့အတွက် တရားသဖြင့်စီရင်သောအရှင်၊ တိုင်းတစ်ပါးသားကိုချစ်၍ အစားအစာနှင့် အဝတ်အစားတို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
သူသည် ဆင်းရဲသဖြင့် မိမိလုပ်အားခကိုမှီ၍ အသက်ဆက်ရသောကြောင့် သူ၏လုပ်အားခကို နေမဝင်မီ နေ့ချင်းပေးရမည်။ မပေးဘဲနေလျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်လိမ့်မည်။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။