သူတို့က “လာကြ။ အုတ်လုပ်၍ ကောင်းစွာမီးဖုတ်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့ သူတို့သည် ကျောက်အစား အုတ်ကိုရ၍ သရွတ်အစား ကတ္တရာစေးကိုရကြ၏။
ထွက်မြောက် 2:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။ Common Language Bible မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။- Garrad Bible ထို ထက် ကြာ အောင် မ ဝှက် နိုင် သော ကြောင့် ကိုင်း ရိုး ဖြင့် ရက် သော ကြုတ် ကို ယူ၍ က တ္တ ရာ စေး သစ် စေး နှင့် သုတ် လူး ပြီး လျှင် ကြုတ် တွင် သား ငယ် ကို ထည့်၍ မြစ် ကမ်း စ ကျူ တော၌ ထား လေ ၏။ Judson Bible နောက်တစ်ဖန်ဝှက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ |
သူတို့က “လာကြ။ အုတ်လုပ်၍ ကောင်းစွာမီးဖုတ်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့ သူတို့သည် ကျောက်အစား အုတ်ကိုရ၍ သရွတ်အစား ကတ္တရာစေးကိုရကြ၏။
စိဒ္ဒိမ်ချိုင့်ဝှမ်း၌ ကတ္တရာစေးတွင်းပေါများသဖြင့် သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည်ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျလေ၏။ ကျန်သောသူတို့သည် တောင်ပေါ်သို့ထွက်ပြေးကြ၏။
ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်းကို သင့်အဖို့တည်ဆောက်လော့။ သင်္ဘောအတွင်း၌အခန်းများဖွဲ့၍ အတွင်း၊ အပြင်ကို သစ်စေးနှင့်သုတ်လော့။
ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။
မြစ်များနံဟောင်၍ အီဂျစ်ပြည်၏မြစ်ချောင်းများသည် တိမ်ကောခန်းခြောက်သွားလိမ့်မည်။ ကျူပင်၊ ကိုင်းပင်တို့သည်လည်း ညှိုးနွမ်းကြလိမ့်မည်။
ခြစ်ခြစ်တောက်ပူသောသဲမြေသည် ရေအိုင်ဖြစ်လိမ့်မည်။ ခြောက်ကပ်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ ခွေးအတို့ကျက်စားရာနေရာ၊ လဲလျောင်းရာနေရာ၌ မြက်ပင်နှင့်အတူ ကျူပင်နှင့်ကျူပင်ကြီးတို့ ပေါက်လိမ့်မည်။
ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။