Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 2:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ထို​သား​သည် အဆင်းလှ​ကြောင်း​ကို မိခင်​သိမြင်​လျှင် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သား​တစ်​ယောက်​ကို​ရ​၏။ ထို​သား​သည်​ချစ်​ဖွယ် ကောင်း​သည်​ကို​မိ​ခင်​မြင်​လျှင်၊ သုံး​လ​ကြာ မျှ​ဝှက်​ထား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ထို မိန်း မ သည် သ​ န္ဓေ ရ သ ဖြင့် သား ယောက်ျား ကို ဖွား မြင် လျှင် ၎င်း သား အ ဆင်း လှ သည် ကို မြင်၍ သုံး လ ပတ် လုံး ဝှက် ထား လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 2:2
8 ပူးပေါင်းရင်းမြစ်များ  

တိုင်းပြည်​ကို အာသလိ​ဘုရင်မ အုပ်စိုး​စဉ် ယောရှ​သည် အထိန်းတော်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​တွင် ခြောက်​နှစ်​ပတ်လုံး ပုန်းရှောင်​နေ​ခဲ့​ရ​၏​။


သနား​တတ်​သော​သူ​၊ ချေးငှား​ပေး​တတ်​သော​သူ​နှင့် မိမိ​၏​အမှုကိစ္စ​တို့​ကို တရားမျှတ​စွာ စီမံခန့်ခွဲ​တတ်​သော​သူ​သည် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​၏​။


အာမရံ​သည် မိမိ​၏​အရီး​ယောခေဗက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် အာရုန်​နှင့်​မောရှေ တို့​ကို​မွေးဖွား​ပေး​၏​။ အာမရံ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


အာမရံ​မယား​၏​အမည်​မှာ ယောခေဗက် ဖြစ်​၏​။ အီဂျစ်​ပြည်​၌ လေဝိ​မယား​မွေးဖွား​သော လေဝိ​သမီး​ဖြစ်​၏​။ ယောခေဗက်​သည် အာမရံ​အားဖြင့် အာရုန်​၊ မောရှေ​နှင့် သူ​တို့​၏​အစ်မ​မိရိအံ တို့​ကို မွေးဖွား​၏​။


ထိုသို့သော​အချိန်​၌ မောရှေ​သည် မွေးဖွား​လာ​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ အဆင်းလှ​သော​ကလေး​ဖြစ်​ပြီး ဖခင်​၏​အိမ်​၌ သုံး​လ​တိုင်တိုင်​ကျွေးမွေး​ပြုစု​ခြင်း​ခံရ​၏။


မြေကြီး​ရတနာ​၊ မြေကြီး​၏​ကြွယ်ဝ​ခြင်း​အားဖြင့်​လည်းကောင်း​၊ မီးတောက်​နေ​သော​ချုံပုတ်​၌​ကိန်းဝပ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​အားဖြင့်​လည်းကောင်း ယောသပ်​၏​ဦးခေါင်း​၊ ညီအစ်ကို​တို့​တွင် အကြီးအကဲ​ဖြစ်​သော​ယောသပ်​၏​ဦးထိပ်​ပေါ်၌ ထာဝရဘုရား​ထံ​တော်​မှ​ကောင်းချီး​သက်ရောက်​ပါစေသော​။


မောရှေ​ဖွားမြင်​သောအခါ အဆင်းလှ​သော​သူငယ်​ဖြစ်​ကြောင်း သူ​၏​မိဘ​တို့​မြင်​သဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​ကြ​၏။


ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်လာ​စေ​၏​။ သူ​သည် နီမြန်း​သော​အသားအရေ​၊ လှပ​သော​မျက်လုံး​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​၏​။ ထာဝရဘုရား​က “​ဤ​သူ​ပင်​ဖြစ်​၏​။ ထ​၍ သူ့​ကို​ဘိသိက်ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ