ထွက်မြောက် 2:3 - Garrad Bible3 ထို ထက် ကြာ အောင် မ ဝှက် နိုင် သော ကြောင့် ကိုင်း ရိုး ဖြင့် ရက် သော ကြုတ် ကို ယူ၍ က တ္တ ရာ စေး သစ် စေး နှင့် သုတ် လူး ပြီး လျှင် ကြုတ် တွင် သား ငယ် ကို ထည့်၍ မြစ် ကမ်း စ ကျူ တော၌ ထား လေ ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။- အခန်းကိုကြည့်ပါ။Judson Bible3 နောက်တစ်ဖန်ဝှက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။ အခန်းကိုကြည့်ပါ။ |
ထို သူ တို့ ထွက် သွား သည့် နောက် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ယော သပ် အား အိပ် မက် ထင် ရှား လျက် ထ လော့။ ဟေရုဒ် မင်း သည် သူ ငယ် တော် ကို ကွပ် မျက် ရန် ရှာ ကြံ သော ကြောင့် သူ ငယ် တော် နှင့် မယ် တော် ကို ခေါ် ဆောင်၍ အိ ဂျစ် ပြည် ရောက် ထွက် ပြေး ပြီး လျှင် ငါ ကြား ပြော မည့် ကာ လ တိုင် အောင် နေ လော့ ဟု ဆို သည့် အ တိုင်း ယော သပ် ထ ပြီး လျှင်