သို့ဖြစ်၍ ဖာရောမင်းကြီးက မောရှေအား “ငါ့ထံမှထွက်သွားလော့။ ငါ့ရှေ့သို့ နောက်ထပ်မဝင်မိစေရန် သတိပြုလော့။ အကယ်စင်စစ် ငါ့မျက်နှာကိုသင်မြင်သောနေ့၌ သင်သေရလိမ့်မည်”ဟု ဆိုလေ၏။
ထွက်မြောက် 19:12 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လူတို့အတွက် တောင်ပတ်ပတ်လည် နယ်နိမိတ်စည်းသတ်မှတ်ပေး၍ ‘တောင်ပေါ်သို့မတက်၊ တောင်၏နယ်နိမိတ်ကို မထိရန် သတိပြုလော့’ဟု မှာကြားရမည်။ ဤတောင်ကိုထိသောသူတိုင်း မုချအသတ်ခံရမည်။ Common Language Bible သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။- Garrad Bible သင် က လည်း၊ တောင် ပေါ် သို့ မ တက်၊ တောင် ခြေ ကို မျှ မ ထိ ကြ စေ ရန် သ တိ ပြု ကြ ဟု တား မြစ် လျက် လူ မျိုး ရှိ ရာ ပတ် လည်၌ နယ် သတ် မှတ်၍ ထား လော့။ Judson Bible လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်ခြေရင်းကိုမထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကိုထိမိသောသူမည်သည်ကား၊ ဧကန်အမှန်အသေခံစေ။ |
သို့ဖြစ်၍ ဖာရောမင်းကြီးက မောရှေအား “ငါ့ထံမှထွက်သွားလော့။ ငါ့ရှေ့သို့ နောက်ထပ်မဝင်မိစေရန် သတိပြုလော့။ အကယ်စင်စစ် ငါ့မျက်နှာကိုသင်မြင်သောနေ့၌ သင်သေရလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရားက မောရှေအား “သင်သည် ဆင်းသွား၍ လူတို့ကိုသတိပေးလော့။ သို့မဟုတ်လျှင် သူတို့သည် ထာဝရဘုရားကို ဖူးမြင်ရန် စည်းကိုကျော်ဝင်ကြသဖြင့် များစွာသောသူတို့သည် သေကျေပျက်စီးကြလိမ့်မည်။
ထိုအခါ မောရှေက ထာဝရဘုရားအား “ကိုယ်တော်က အကျွန်ုပ်တို့အား ‘တောင်ကိုနယ်နိမိတ်စည်းသတ်မှတ်၍ သန့်ရှင်းစေလော့’ဟူ၍ သတိပေးမိန့်မှာခဲ့သောကြောင့် လူတို့သည် သိနာတောင်ပေါ်သို့မတက်နိုင်ကြပါ”ဟု ပြန်လျှောက်လေ၏။
မောရှေတစ်ဦးတည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသူတို့မူကား မချဉ်းကပ်ရ။ လူထုတို့သည် မောရှေနှင့်အတူ မတက်လာရ”ဟု မိန့်တော်မူ၏။
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
သင်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ တက်မလာရ။ တောင်တစ်တောင်လုံး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရစေနှင့်။ သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဤတောင်အရှေ့ဘက်၌ မထိန်းကျောင်းရ”ဟု မိန့်တော်မူ၏။
သင်သည် လူတို့အား “သင်တို့သည် စိရပြည်၌နေထိုင်သော သင်တို့၏ညီအစ်ကိုများဖြစ်သည့် ဧသောသားမြေးတို့၏နယ်မြေကိုဖြတ်သွားသောအခါ သူတို့သည် သင်တို့ကို ကြောက်ရွံ့ကြလိမ့်မည်။ သင်တို့ အထူးသတိပြုကြလော့။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊
ဤလမ်းသည် ယခင်က သင်တို့သွားဖူးသောလမ်းမဟုတ်သောကြောင့် သင်တို့သွားရမည့်လမ်းကို သင်တို့သိနိုင်ရန် သေတ္တာတော်နှင့် အတောင်နှစ်ထောင်အကွာမှ ခွာ၍လိုက်ရမည်။ သေတ္တာတော်အနီးသို့မချဉ်းကပ်ရ”ဟု မှာကြားကြ၏။