ထွက်မြောက် 19:12 - Common Language Bible12 သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible12 သင် က လည်း၊ တောင် ပေါ် သို့ မ တက်၊ တောင် ခြေ ကို မျှ မ ထိ ကြ စေ ရန် သ တိ ပြု ကြ ဟု တား မြစ် လျက် လူ မျိုး ရှိ ရာ ပတ် လည်၌ နယ် သတ် မှတ်၍ ထား လော့။ အခန်းကိုကြည့်ပါ။Judson Bible12 လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်ခြေရင်းကိုမထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကိုထိမိသောသူမည်သည်ကား၊ ဧကန်အမှန်အသေခံစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သင်သည် လူတို့အတွက် တောင်ပတ်ပတ်လည် နယ်နိမိတ်စည်းသတ်မှတ်ပေး၍ ‘တောင်ပေါ်သို့မတက်၊ တောင်၏နယ်နိမိတ်ကို မထိရန် သတိပြုလော့’ဟု မှာကြားရမည်။ ဤတောင်ကိုထိသောသူတိုင်း မုချအသတ်ခံရမည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-