သူတို့ဆာလောင်သောအခါ သူတို့အား ကောင်းကင်မှမုန့်ကို ချပေးတော်မူ၏။ သူတို့ရေဆာသောအခါ ကျောက်ထဲမှရေကို ထွက်စေတော်မူ၏။ ထိုပြည်ကို သူတို့အား ပေးမည်ဟု ကျိန်ဆိုထားသည့်အတိုင်း ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် မိန့်တော်မူ၏။
ထွက်မြောက် 17:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ လူတို့သည် ရေငတ်ကြသဖြင့် မောရှေအား “ငါတို့နှင့်တကွ ငါတို့၏သားသမီးများ၊ တိရစ္ဆာန်များကို ရေငတ်၍သေစေရန် ငါတို့ကို အဘယ်ကြောင့် အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သနည်း”ဟု ညည်းညူပြကြ၏။ Common Language Bible သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။ Garrad Bible လူ မျိုး ရေ ငတ် သ ဖြင့် မော ရှေ အား ညည်း ညူ လျက် ငါ တို့ မှ စ သော သား သ မီး တိ ရ စ္ဆာန် တို့ ကို ရေ ငတ်၍ သေ စေ ရန် အိ ဂျစ် ပြည် မှ အ ဘယ် ကြောင့် ဆောင် ခဲ့ သ နည်း ဟု ဆို ကြ သော်၊ Judson Bible လူများတို့သည်ရေငတ်၍ မောရှေကို အပြစ်တင်မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်းဟု ဆိုကြ၏။ |
သူတို့ဆာလောင်သောအခါ သူတို့အား ကောင်းကင်မှမုန့်ကို ချပေးတော်မူ၏။ သူတို့ရေဆာသောအခါ ကျောက်ထဲမှရေကို ထွက်စေတော်မူ၏။ ထိုပြည်ကို သူတို့အား ပေးမည်ဟု ကျိန်ဆိုထားသည့်အတိုင်း ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် မိန့်တော်မူ၏။
သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။
သူတို့သည် ဆာလောင်မွတ်သိပ်လျက်၊ ရေငတ်လျက်၊ သူတို့၏ဝိညာဉ်သည် သူတို့အထဲ၌ညှိုးငယ်လျက် ရှိ၏။
အခြားလူမျိုးများစွာတို့နှင့် သိုးဆိတ်များ၊ နွားများ စသည့် အလွန်များသောတိရစ္ဆာန်တို့သည်လည်း သူတို့နှင့်အတူထွက်သွားကြ၏။
မောရှေကိုလည်း “အီဂျစ်ပြည်၌ သင်္ချိုင်းမရှိသောကြောင့် တောကန္တာရထဲ၌သေစေရန် ငါတို့ကိုခေါ်ဆောင်လာခဲ့သလော။ ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ ငါတို့ကို အီဂျစ်ပြည်ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်ခဲ့သနည်း။
ထိုအခါ အစ္စရေးလူမျိုးတို့က မောရှေအား “အကျွန်ုပ်တို့ ဘာသောက်ရမည်နည်း”ဟု ဆိုလျက် ညည်းညူကြ၏။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
သင်သည် ထာဝရဘုရား၏လူအစုအဝေးဖြစ်သောငါတို့နှင့်တကွ ငါတို့၏တိရစ္ဆာန်များကိုလည်း ဤနေရာ၊ ဤတောကန္တာရထဲ၌သေစေရန် အဘယ်ကြောင့်ခေါ်ဆောင်ခဲ့သနည်း။