Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 107:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊ သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဆာ မွတ် ရေ ငတ် သော၊ စိတ် ပျက် သူ တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 107:5
9 ပူးပေါင်းရင်းမြစ်များ  

ပျားရည်​၊ ဒိန်ချဉ်​၊ သိုးသား​၊ နွားနို့ခဲ စသည်​တို့​ကို ဒါဝိဒ်​မင်းကြီး​နှင့် သူ့​လူ​တို့​စား​ဖို့ ယူဆောင်​လာ​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။


ထို​အရပ်​၌ လူ​တို့​သည် ရေ​ငတ်​ကြ​သဖြင့် မောရှေ​အား “​ငါ​တို့​နှင့်တကွ ငါ​တို့​၏​သားသမီး​များ​၊ တိရစ္ဆာန်​များ​ကို ရေငတ်​၍​သေ​စေရန် ငါ​တို့​ကို အဘယ်ကြောင့် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သနည်း​”​ဟု ညည်းညူ​ပြ​ကြ​၏​။


ပန်းပဲသမား​သည် သံ​ကို မီးညှပ်​ဖြင့် မီးခဲ​ပေါ်​တင်​၍ အလုပ်​လုပ်​၏​။ သူ​သည် တူ​ဖြင့်​ပုံသွင်း​တတ်​၏​။ သူ​၏​လက်ရုံး​ခွန်အား​ဖြင့် လုပ်ဆောင်​တတ်​၏​။ သူ​သည် ဆာလောင်မွတ်သိပ်​၍ ခွန်အား​မ​ရှိ​။ ရေ​မ​သောက်​ရ​သဖြင့် အားအင်​ကုန်ခန်း​တတ်​၏​။


ကွင်းပြင်​သို့​ထွက်သွား​သော် ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ မြို့​ထဲသို့​ဝင်​သော် ငတ်မွတ်ခေါင်းပါး​ခြင်း​ဝေဒနာ​ခံစား​နေ​ရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​တို့​သည် သူ​တို့​မ​သိ​သော​ပြည်​သို့ သွား​ကြ​ပြီ​’​ဟူသော​စကား​ကို ပြောကြား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ညဥ့်ဦးယံ​၌ ထ​၍​အော်ဟစ်​လော့​။ ရေ​ကို​သွန်ချ​သကဲ့သို့ သင့်​စိတ်နှလုံး​ကို ဘုရားရှင်​၏​ရှေ့​တော်​၌ ဖွင့်ချ​လော့​။ သင့်​ကလေးသူငယ်​များ​၏​အသက်​အတွက် ကိုယ်တော့်​ထံ​တော်​သို့ သင်​၏​လက်​ကို မြှောက်​လော့​။ သူ​တို့​သည် ငတ်မွတ်​၍ လမ်းဆုံလမ်းခွ​တိုင်း​၌ လဲကျ​ကြ​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ