ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ထွက်မြောက် 12:14 - မြန်မာ့စံမီသမ္မာကျမ်း ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။ Common Language Bible ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဤ နေ့ ရက် သည် သင် တို့ ထိမ်း မှတ် ဖွယ် ရာ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ပွဲ အ ဖြစ် ကျင်း ပ ကြ ရ မည်။ အ မြဲ ထုံး ဖွဲ့ သည် နှင့် အ ညီ သင် တို့ အ မျိုး အ စဉ် အ ဆက် မ ပြတ် ကျင်း ပ ကြ ရ မည်။ Judson Bible ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဖို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအားပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကိုအစဉ်အမြဲခံရကြမည်။ |
ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ကိုယ်တော်သည် မိမိ၏အံ့ဖွယ်သောအမှုတို့ကို အောက်မေ့စရာဖြစ်စေရန် စီရင်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် အစဉ်အမြဲတည်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ဤနေ့၌ သင်တို့လူစုကို အီဂျစ်ပြည်ထဲမှ ငါထုတ်ဆောင်လာခဲ့သည်ဖြစ်၍ ဤနေ့၌ တဆေးမဲ့မုန့်ပွဲတော်ကို သင်တို့ကျင်းပရမည်။ ဤနေ့ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် စောင့်ထိန်းရမည်။
သို့ဖြစ်၍ ဤအစဉ်အလာကို ပြဋ္ဌာန်းချက်အဖြစ် သင်နှင့်သင့်သားမြေးများသည် အစဉ်အမြဲစောင့်ထိန်းရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ခြောက်ပုံတစ်ပုံနှင့် အကောင်းဆုံးဂျုံမှုန့်နှင့်နယ်ရန် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံကို နံနက်တိုင်း စီစဉ်ပေးရမည်။ ဤသည်မှာ ထာဝရဘုရားထံ ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်သောအခါ အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
ထာဝရဘုရားအဖို့ တဆေးမဲ့မုန့်ပွဲတော်ကို ထိုလ တစ်ဆယ့်ငါးရက်နေ့တွင် ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရမည်။
ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယနှင့် ဇေဖနိ၏သားဟင် တို့အဖို့ ထာဝရဘုရား၏ဗိမာန်တော်၌ အမှတ်ရစရာအဖြစ် ရှိနေလိမ့်မည်။
အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးခရာတို့ကို မှုတ်ကြရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “ငါ့အား ပေးလှူသောအလှူပစ္စည်းတို့ကို သင့်အား ငါပေးပြီ။ အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာရှိသမျှတို့ကို သင့်ဝေစုအဖြစ်လည်းကောင်း၊ သင်၏သားမြေးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ်လည်းကောင်း ငါပေးပြီ။
သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် အဗိဗလ၊ ညအချိန်တွင် သင့်ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်ဖြစ်၍ အဗိဗလကို အလေးထားလျက် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပရမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
ထိုနေ့မှစ၍ ယနေ့ချိန်ထိ ဒါဝိဒ်သည် အစ္စရေးလူမျိုးတို့တွင် ထိုသို့ စည်းမျဉ်းဥပဒေ ချမှတ်လေ၏။