ထွက်မြောက် 12:14 - Common Language Bible14 ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ဤ နေ့ ရက် သည် သင် တို့ ထိမ်း မှတ် ဖွယ် ရာ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ပွဲ အ ဖြစ် ကျင်း ပ ကြ ရ မည်။ အ မြဲ ထုံး ဖွဲ့ သည် နှင့် အ ညီ သင် တို့ အ မျိုး အ စဉ် အ ဆက် မ ပြတ် ကျင်း ပ ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဖို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအားပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကိုအစဉ်အမြဲခံရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။