သင်တို့သည် သင်တို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံရမည်။ ၎င်းသည် ငါနှင့်သင်တို့ကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်ရမည်။
ထွက်မြောက် 12:13 - မြန်မာ့စံမီသမ္မာကျမ်း သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။ Common Language Bible သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။- Garrad Bible ဆို ခဲ့ သော အ သွေး သည် သင် တို့ နေ အိမ်၌ လ က္ခ ဏာ သက် သေ ဖြစ်၍ ထို အ သွေး ကို မြင် လျှင်၊ ငါ ရှောင် သွား မည်။ အိ ဂျစ် ပြည် တွင် ထို သို့ ငါ ဒဏ် ခတ် သော အ ခါ ဖျက် ဆီး မည့် ဘေး သည် သင် တို့ ကို မ သင့် မ ရောက် ရ။ Judson Bible သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။ |
သင်တို့သည် သင်တို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံရမည်။ ၎င်းသည် ငါနှင့်သင်တို့ကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်ရမည်။
သင်တို့ အဘယ်သို့စားရမည်နည်းဟူမူကား သင်တို့၏ခါးကိုစည်းလျက်၊ ခြေ၌ဖိနပ်ကိုစီးလျက်၊ လက်ထဲ၌တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ဤသည်ကား ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။
အကြောင်းမူကား ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ဒဏ်ခတ်ရန် ဖြတ်သွားသောအခါ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ သွေးကိုမြင်လျှင် ထာဝရဘုရားသည် ထိုတံခါးကိုကျော်သွားမည်။ ဖျက်ဆီးသောသူကိုလည်း သင်တို့၏အိမ်ထဲသို့ဝင်၍ သင်တို့ကိုဒဏ်ခတ်ခွင့်ပေးတော်မူမည်မဟုတ်။
သွေးကိုယူပြီးလျှင် သိုးသငယ်ကိုစားသောသူတို့နေသောအိမ်များ၏တံခါးတိုင်နှစ်ဖက်နှင့် တံခါးထုပ်တို့၌ သုတ်လိမ်းရမည်။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
သားဦးတို့ကိုဖျက်ဆီးသောသူသည် အစ္စရေးလူမျိုးတို့ကိုမထိခိုက်စေရန် သူသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲတော်နှင့်သွေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက်လေ၏။
ကျွန်မသည် သင်တို့အပေါ် မေတ္တာထားသကဲ့သို့ သင်တို့သည်လည်း ကျွန်မ၏ဆွေမျိုးသားချင်းအပေါ် မေတ္တာထားပါမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျွန်မအား ယခုကျိန်ဆိုပါလော့။ စိတ်ချရသောအမှတ်အသားတစ်ခုကိုလည်း ပေးခဲ့ပါ။
ဤပြည်သို့ ငါတို့ရောက်လာသောအခါ ဤကြိုးနီကို ငါတို့လျှောဆင်းလာခဲ့သောပြတင်းပေါက်၌ ချည်ထားရမည်။ သင်၏မိဘ၊ ညီအစ်ကိုမောင်နှမတို့နှင့် ဆွေမျိုးသားချင်းအားလုံးကို သင့်အိမ်၌ ခေါ်ထားရမည်။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။