Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 စား သော အိမ် တံ ခါး ထုပ် နှင့် တံ ခါး တိုင် နှစ် ဘက် မှာ သုတ် ထား ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:7
12 ပူးပေါင်းရင်းမြစ်များ  

သန့်ရှင်းရာဌာန​၏​အဝင်ဝ​တံခါး​ကို သံလွင်သား​ဖြင့် ပြုလုပ်​ထား​ပြီး တံခါးတိုင်​၌ ကျည်းဘောင်​ငါး​ထပ်​ပါရှိ​၏​။


သွေး​သည် သင်​တို့​နေ​သော​အိမ်​များ​၌ သင်​တို့​အတွက် အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် ထို​သွေး​ကို​မြင်​သောအခါ သင်​တို့​ကို​ကျော်သွား​မည်​။ အီဂျစ်​ပြည်​ကို ငါ​ဒဏ်ခတ်​သောအခါ ဖျက်ဆီး​ခြင်း​ဘေးဒဏ်​သည် သင်​တို့​အပေါ်​သို့ သက်ရောက်​မည်​မ​ဟုတ်​။


ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။


သင်​၏​အိမ်​တံခါးတိုင်​များ​၊ သင်​၏​မြို့​တံခါး​များ​၌ ရေးသား​ထား​ရ​မည်​။


အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။


သို့ဖြစ်လျှင် ဘုရားသခင်​၏​သား​တော်​ကို​နင်းချေ​၍ မိမိ​အား​သန့်ရှင်း​စေ​သော​ပဋိညာဉ်​ဆိုင်ရာ​သွေး​တော်​ကို မစင်ကြယ်​သည့်​အရာ​ဟု မှတ်ယူ​လျက် ကျေးဇူး​တော်​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို မထီမဲ့မြင်​ပြု​သော​သူ​သည် မည်မျှလောက် ပို၍​ကြီးလေး​သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သနည်း။


သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။


ပညတ်​တရား​အရ အရာ​အားလုံး​နီးပါး​သည် သွေး​အားဖြင့်​စင်ကြယ်​စေ​ရ​၏။ သွေး​သွန်းလောင်း​ခြင်း​မ​ရှိ​လျှင် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ဟူ၍​မ​ရှိ။


ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ