ထွက်မြောက် 12:13 - Common Language Bible13 သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ဆို ခဲ့ သော အ သွေး သည် သင် တို့ နေ အိမ်၌ လ က္ခ ဏာ သက် သေ ဖြစ်၍ ထို အ သွေး ကို မြင် လျှင်၊ ငါ ရှောင် သွား မည်။ အိ ဂျစ် ပြည် တွင် ထို သို့ ငါ ဒဏ် ခတ် သော အ ခါ ဖျက် ဆီး မည့် ဘေး သည် သင် တို့ ကို မ သင့် မ ရောက် ရ။ အခန်းကိုကြည့်ပါ။Judson Bible13 သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။
ယခုမှစ၍သင့်အိမ်၌ပေါက်ဖွားသောကျွန် များနှင့် တစ်ခြားအမျိုးသားတို့ထံမှဝယ်ယူ သောကျွန်များအပါအဝင် ရှစ်ရက်အရွယ်ရှိ သားယောကျာ်းတိုင်းကိုအရေဖျားလှီးခြင်း မင်္ဂလာစီရင်ပေးရမည်။ ဤအရေဖျား လှီးခြင်းမင်္ဂလာသည် သင်တို့နှင့်ငါပြုရ သောပဋိညာဉ်ကိုပြသခြင်းဖြစ်သည်။-