ပိုးစာပင်ထိပ်ဖျားမှ စစ်ချီသံကြားလျှင် အလျင်အမြန်ထွက်တိုက်လော့။ အကြောင်းမူကား ထာဝရဘုရားသည် ဖိလိတ္တိတပ်ကို တိုက်ခိုက်ရန် သင့်ရှေ့မှကြွတော်မူပြီ”ဟု မိန့်တော်မူရာ
ထွက်မြောက် 11:4 - မြန်မာ့စံမီသမ္မာကျမ်း မောရှေက ဖာရောမင်းကြီးအား “ထာဝရဘုရားက ‘ငါသည် ညသန်းခေါင်တွင် အီဂျစ်ပြည်အလယ်သို့ ကြွသွားမည်။ Common Language Bible ထိုနောက်မောရှေကဘုရင်အား``ထာဝရ ဘုရားက `သန်းခေါင်ယံအချိန်တွင် ငါသည် အီဂျစ်ပြည်သားတို့ထံသို့ကြွလာ၍၊- Garrad Bible တစ် ဖန် မော ရှေ ဆင့် ဆို သည် မှာ ထာ ဝ ရ ဘု ရား က၊ ငါ သည် သန်း ခေါင် ယံ၌ အိ ဂျစ် ပြည် လယ် သို့ ကြွ သွား ၍၊ Judson Bible ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ငါထွက်သွားမည်။ |
ပိုးစာပင်ထိပ်ဖျားမှ စစ်ချီသံကြားလျှင် အလျင်အမြန်ထွက်တိုက်လော့။ အကြောင်းမူကား ထာဝရဘုရားသည် ဖိလိတ္တိတပ်ကို တိုက်ခိုက်ရန် သင့်ရှေ့မှကြွတော်မူပြီ”ဟု မိန့်တော်မူရာ
သူတို့သည် တစ်ခဏချင်းတွင် သေသွားနိုင်၏။ ညသန်းခေါင်ချိန်တွင်ပင် လူတို့သည် တုန်လှုပ်ချောက်ချား၍ သေဆုံးသွားတတ်ကြ၏။ အားကြီးသူတို့ပင် လူ့လက်ဖြင့်မဟုတ် မိမိအလိုလိုပျောက်ကွယ်သွားရတတ်၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။
ကိုယ်တော်သည် အီဂျစ်ပြည်ကိုဆန့်ကျင်ရန် ကြွတော်မူသောအခါ ထိုအရာကို ယောသပ်အမျိုးအတွက် သက်သေခံချက်အဖြစ် တည်စေတော်မူ၏။ ငါမသိမကျွမ်းသောဘာသာစကားကို ငါကြားရ၏။
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အကြောင်းမူကား ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ဒဏ်ခတ်ရန် ဖြတ်သွားသောအခါ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ သွေးကိုမြင်လျှင် ထာဝရဘုရားသည် ထိုတံခါးကိုကျော်သွားမည်။ ဖျက်ဆီးသောသူကိုလည်း သင်တို့၏အိမ်ထဲသို့ဝင်၍ သင်တို့ကိုဒဏ်ခတ်ခွင့်ပေးတော်မူမည်မဟုတ်။
ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။
ထာဝရဘုရားသည် သူရဲကောင်းကဲ့သို့ကြွတော်မူမည်။ စိတ်အားထက်သန်မှုကို စစ်သူရဲကဲ့သို့ လှုံ့ဆော်တော်မူမည်။ ကိုယ်တော်သည် ကြွေးကြော်တော်မူမည်။ ဟစ်အော်တော်မူမည်။ မိမိရန်သူတို့ကို အောင်နိုင်တော်မူမည်။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
စပျစ်ခြံရှိသမျှတို့၌လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား ငါသည် သင်တို့အလယ်၌ ဖြတ်သွားမည်”ဟု မိန့်တော်မူ၏။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ