Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 11:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ ကြိတ်ဆုံ​နောက်​ရှိ ကျွန်မ​၏​သားဦး​၊ တိရစ္ဆာန်​တို့​၏​သားဦး​ရှိသမျှ​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​သည် သေ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 အီ​ဂျစ်​ပြည်​တွင်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ စ​၍ ကြိတ်​ဆုံ​ကြိတ်​သော​ကျွန်​မ​၏​သား​ဦး တိုင်​အောင် သား​ဦး​ဟူ​သ​မျှ​တို့​ကို​သေ​စေ​မည်။ တိ​ရစ္ဆာန်​အ​ပေါင်း​တို့​၏​သား​ဦး​ပေါက်​မှန် သ​မျှ​ကို​လည်း​သေ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 နန်း စံ သော ဖာ ရော မင်း၏ သား ဦး မှ စ၍ ကြိတ် ဆုံ ကြိတ် သော ကျွန် မိန်း မ၏ သား ဦး တိုင် အောင် တိ ရ စ္ဆာန် များ၏ သား ဦး များ ပါ အိ ဂျစ် ပြည်၌ သား ဦး ဟူ သ မျှ တို့ သည် သေ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 နန်း​ထိုင်​သော ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍၊ ကြိတ်​ဆုံ​နောက်၌ ထိုင်​သော ကျွန်​မ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သ​မျှ​သော သား​ဦး​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​ရှိ​သ​မျှ​တို့​သည် သေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 11:5
13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သူ​တို့​၏ ယောက်ျား​အားမာန်​အားလုံး​၏​အသီးဦး​ဖြစ်​သော သူ​တို့​ပြည်​မှ​သားဦး​ရှိသမျှ​တို့​ကို ဆုံးပါး​စေ​တော်မူ​၏​။


ကိုယ်တော်​သည် အီဂျစ်​ပြည်​တွင် လူ​မှစ၍​တိရစ္ဆာန်​တိုင်အောင် သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။


အီဂျစ်​လူမျိုး​တို့​၏​သားဦး​များ​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


ဟာမ​၏​တဲ​များ​မှ ယောက်ျား​အားမာန်​၏​အသီးဦး​တည်းဟူသော အီဂျစ်​ပြည်​မှ သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။


ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ညသန်းခေါင်​အချိန်​တွင် ထာဝရဘုရား​သည် ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ မြေအောက်​အကျဉ်းခန်း​၌​ရှိ​သော အကျဉ်းသား​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​နှင့် တိရစ္ဆာန်​၏​သားဦး​အားလုံး​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။


ဖာရော​မင်းကြီး​သည် ငါ​တို့​ကို လွှတ်ပေး​ရန် ငြင်းဆန်​သောအခါ ထာဝရဘုရား​သည် လူ​တို့​၏​သားဦး​မှစ၍ တိရစ္ဆာန်​တို့​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​၌​ရှိ​သော​သားဦး​အားလုံး​ကို ကွပ်မျက်​တော်မူ​၏​။ ထို့ကြောင့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​အထီး​ရှိသမျှ​တို့​ကို ငါ​တို့​သည် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရ​၏​။ ငါ​တို့​၏​သားယောက်ျား​များ​ထဲမှ သားဦး​ရှိသမျှ​တို့​ကို ပြန်ရွေး​ရ​၏​’​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။


ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြိတ်ဆုံ​ကို​ယူ​၍ မုန့်ညက်​ကြိတ်​လော့​။ သင်​၏​မျက်နှာလွှား​ကို ဖယ်​လော့​။ ဝတ်ရုံ​ကို ချွတ်​လော့​။ အဝတ်​ကို ပေါင်​အထိ​ပင့်​၍ မြစ်​ကို​ကူး​လော့​။


လူပျို​တို့​သည် ကြိတ်ဆုံကျောက်​ကို ထမ်း​ရ​ကြ​ပြီ​။ သူငယ်​တို့​သည် ထင်းပုံကြီး​ကို မနိုင်မနင်း​ထမ်း​ရ​ကြ​ပြီ​။


ကြိတ်ဆုံ​ကြိတ်​နေ​သော အမျိုးသမီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။


သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။


ဖိလိတ္တိ​လူမျိုး​တို့​က​လည်း သူ့​ကို​ဖမ်းချုပ်​ပြီး မျက်စိ​နှစ်​ဖက်​ကို ဖောက်ထုတ်​ပစ်​၏​။ ထို့နောက် သူ့​ကို ကြေးနီ​ကြိုး​ဖြင့် ချည်နှောင်​ထား​၍ ဂါဇ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ ထို့နောက် သူ့​ကို​အကျဉ်းချ​ထား​၍ ကြိတ်ဆုံကြိတ်​ရ​သည့်​အလုပ်​ကို လုပ်​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ