ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိဖုရားဗာသရှေဘအား နှစ်သိမ့်ပေး၍ သူ့ထံသို့ဝင်ပြီး သူနှင့်အိပ်လေ၏။ သူသည်လည်း သားကို မွေးဖွားပြီး ရှောလမုန် ဟုအမည်မှည့်ခေါ်၏။ ထာဝရဘုရားသည် ရှောလမုန်ကို ချစ်တော်မူ၏။
တရားဟော 33:12 - မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။ Common Language Bible ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။'' Garrad Bible ဗင်္ယာ မိန့် အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ သော သူ သည် ဝန်း ရံ တော် မူ ရာ၌ လုံ ခြုံ စွာ အ စဉ် နေ ရ၏။ ကိုယ် တော် လည်း၊ သူ့ ပ ခုံး ကြား တွင် ကိန်း ဝပ် တော် မူ သည် ဟူ၍ တည်း။ Judson Bible ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာနေရလိမ့်မည်။ သူ့ကို အစဉ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိဖုရားဗာသရှေဘအား နှစ်သိမ့်ပေး၍ သူ့ထံသို့ဝင်ပြီး သူနှင့်အိပ်လေ၏။ သူသည်လည်း သားကို မွေးဖွားပြီး ရှောလမုန် ဟုအမည်မှည့်ခေါ်၏။ ထာဝရဘုရားသည် ရှောလမုန်ကို ချစ်တော်မူ၏။
ထို့ကြောင့် ပရောဖက်နာသန်ကို စေလွှတ်တော်မူ၍ ထာဝရဘုရားကို အစွဲပြုပြီး သူ့ကို ယေဒိဒိ ဟုအမည်မှည့်ခေါ်စေ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ပြီး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်တစ်နွယ်လုံးနှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
“ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။
ကိုယ်တော်သည် မိမိ၏အတောင်တော်အမွေးဖြင့် သင့်ကိုအုပ်မိုးတော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်အောက်၌ ခိုလှုံရလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည် ဒိုင်းကာနှင့်ဒိုင်းလွှားဖြစ်၏။
ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။
ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
မိုးကောင်းကင်ကိုနေရာချထားရန်၊ ကမ္ဘာမြေကြီးကို အုတ်မြစ်ချထားရန်နှင့် ဇိအုန်မြို့သားအား ‘သင်သည် ငါ၏လူမျိုးတော်ဖြစ်၏’ဟု ပြောကြားရန် သင့်နှုတ်၌ ငါ့စကားကို သွင်းထားပြီ။ သင့်ကို ငါ့လက်အရိပ်ဖြင့် မိုးထားပြီ”ဟု မိန့်တော်မူ၏။
ငါ့အိမ်ကို ငါစွန့်ပစ်ပြီ။ ငါ့အမွေကိုလည်း ငါပစ်ထားပြီ။ ငါ့အသက်တမျှချစ်ရသောသူကို ရန်သူလက်သို့ ငါအပ်လိုက်ပြီ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်ပေးတော်မူသောပြည်၌ သင်တို့နေထိုင်ရမည်။ ကိုယ်တော်သည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသဖြင့် သင်တို့လုံခြုံစွာနေရလိမ့်မည်။
လင်းယုန်သည် မိမိအသိုက်ကိုလှုပ်ခါ၍ မိမိသားငယ်တို့အပေါ်ပျံဝဲလျက်၊ မိမိတောင်ပံကိုဖြန့်လျက်၊ သားငယ်တို့ကိုချီယူပြီး မိမိတောင်ပံပေါ်တွင်သယ်ဆောင်သွားသကဲ့သို့
အို ထာဝရဘုရား၊ သူ၏ဥစ္စာပစ္စည်းကိုကောင်းချီးပေးတော်မူ၍ သူလုပ်ဆောင်သောအမှုကိုလက်ခံတော်မူပါ။ သူ့ကိုဆန့်ကျင်သောသူ၊ သူ့ကိုမုန်းသောသူတို့ ပြန်၍မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့ကိုချစ်တော်မူသောကြောင့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့အား ရွေးချယ်တော်မူ၍ ကြီးမားသောတန်ခိုးတော်ဖြင့် အီဂျစ်ပြည်မှ သင်တို့ကို ထုတ်ဆောင်တော်မူခဲ့၏။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂျေရုဆလင်မြို့သား ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့သဖြင့် ယေဗုသိလူမျိုးတို့သည် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယနေ့တိုင်အောင် ဂျေရုဆလင်မြို့တွင် နေထိုင်ကြလေ၏။
ရှမွေလသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို သူ့ထံလာစေပြီး မဲချရာ ဗင်္ယာမိန်အမျိုးအနွယ်မဲကျ၏။