သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
တရားဟော 28:7 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။ Common Language Bible ``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။ Garrad Bible ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည့် အ တိုင်း၊ တိုက် ခိုက် ရန် တစ် လမ်း တည်း ချီ လာ သော ရန် သူ တို့ သည် သင် တို့ ရှေ့ ရှုံး သ ဖြင့် လမ်း ခု နစ် သွယ် ဆုတ် ပြေး ကြ ရ လ တ္တံ့။ Judson Bible သင့်တစ်ဖက်၌ထသော ရန်သူတို့ကို သင့်မျက်မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တစ်လမ်းတည်းဖြင့် သင်ရှိရာသို့လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှပြေးကြလိမ့်မည်။ |
သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် စံမြန်းတော်မူစဉ် ဗေရရှေဘမြို့မှစ၍ ဧဖရိမ်တောင်ပေါ်ဒေသတိုင်အောင် လှည့်လည်ကာ လူတို့အား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လာစေ၏။
အကျွန်ုပ်သည် သူတို့မထနိုင်အောင် ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေအောက်တွင် လဲကျခဲ့ကြပါ၏။
ငါသည် သူ၏ရန်သူများကို သူ့ရှေ့တွင် ချေမှုန်းတိုက်ဖျက်၍ သူ့ကိုမုန်းသောသူတို့ကို ရှုံးနိမ့်စေမည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
ထာဝရဘုရားသည် သင်၏ကျီ၌လည်းကောင်း၊ သင်လုပ်ဆောင်လေရာရာ၌လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်စေတော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်ကောင်းချီးခံစားရမည်။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။
ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။