တရားဟော 28:7 - Common Language Bible7 ``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible7 ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည့် အ တိုင်း၊ တိုက် ခိုက် ရန် တစ် လမ်း တည်း ချီ လာ သော ရန် သူ တို့ သည် သင် တို့ ရှေ့ ရှုံး သ ဖြင့် လမ်း ခု နစ် သွယ် ဆုတ် ပြေး ကြ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible7 သင့်တစ်ဖက်၌ထသော ရန်သူတို့ကို သင့်မျက်မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တစ်လမ်းတည်းဖြင့် သင်ရှိရာသို့လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှပြေးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။