Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 8:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ကင်းပုန်းတပ်​က​လည်း မြို့​ထဲမှ​ထွက်လာ​၍ အာဣ​စစ်သည်​တို့​ကို တိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​စစ်သည်​နှစ်​ဖွဲ့​ကြား​တွင် ပိတ်​မိ​လေ​၏​။ အစ္စရေး​စစ်သည်​တို့​သည် အာဣ​စစ်သည်​တို့ အသက်ရှင်​ကျန်ရစ်​သူ​၊ ထွက်ပြေး​လွတ်မြောက်​သူ တစ်ယောက်​မျှ​မ​ရှိ​အောင် သတ်ဖြတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22-23 မြို့​တွင်း​၌​ရှိ​သော​ဣ​သ​ရေ​လ​တပ်​သား​တို့ က​လည်း​ထွက်​၍​တိုက်​ခိုက်​ကြ​ရာ အာ​ဣ​မြို့ သား​တို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ကျ​ဆုံး​ကြ​ကုန်​၏။ အာဣ မင်း​က​လွဲ​၍​မည်​သူ​မျှ​အသက်​ရှင်​၍​မ​ကျန် ရစ်​ခဲ့​ချေ။ ဣ​သ​ရေ​လ​တပ်​သား​တို့​သည် အာ​ဣ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​၍​ယော​ရှု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 မြို့ စီး တပ် လည်း မြို့ တွင်း မှ ထွက်၍၊ ရှေ့၊ နောက်၊ ဣ သ ရေ လ စစ် သား တို့ ညှပ် မိ သော ရန် သူ တို့ ကို၊ တစ် ယောက် မျှ ထွက် လွတ် ကြွင်း ကျန် မ ရှိ၊ လုပ် ကြံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အ​ခြား​သော​သူ​တို့​သည်​လည်း မြို့​ထဲ​က​ထွက်၍ တိုက်​သော​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​ဣ​လူ​တို့​ကို ညှပ်၍​တိုက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ​မ​လွှတ် မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:22
10 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​သောအခါ သူ​တို့​ကို တိုက်ခိုက်​၍ အကုန်အစင်​ဖျက်ဆီး​ပစ်​ရ​မည်​။ သူ​တို့​နှင့် ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​ကို မ​သနား​ရ​။


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


ထို​နေ့​မှာပင် ယောရှု​သည် မက္ကဒါ​မြို့​ကို သိမ်းပိုက်​ပြီး မြို့သူမြို့သား​နှင့် ရှင်ဘုရင်​ကို ဓား​ဖြင့်​လုပ်ကြံ​၏​။ သူ​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ တစ်ယောက်​မျှ​မ​ရှိ​။ ဂျေရိခေါ​ဘုရင်​ကို ပြု​သကဲ့သို့ မက္ကဒါ​ဘုရင်​ကို ပြု​လေ​၏​။


သူ​တို့​သည် မြို့​ထဲ​ရှိ ယောက်ျား​မိန်းမ​ကြီးကြီး​ငယ်ငယ်​တို့​နှင့် သိုး​နွား​မြည်း​အားလုံး​တို့​ကို ဓား​ဖြင့် သတ်ဖြတ်​လေ​၏​။


ကင်းပုန်းတပ်​က မြို့​ကို​သိမ်း​ပြီး မြို့​ထဲမှ​မီးခိုး​ထွက်လာ​သည်​ကို ယောရှု​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့ မြင်​သောအခါ ပြန်လှည့်​လာ​၍ အာဣ​မြို့သား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။


အာဣ​ဘုရင်​ကို​ကား အရှင်​ဖမ်း​၍ ယောရှု​ထံ ခေါ်ဆောင်​လာ​၏​။


သင်​တို့​သည် မြို့​ကို​သိမ်း​ပြီး​သည်​နှင့် မီး​ရှို့​ပစ်​ရ​မည်​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ သင်​တို့​ကို ငါ​အမိန့်ပေး​ပြီ​”​ဟု မှာကြား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ