ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
တရားဟော 28:38 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လယ်ယာ၌မျိုးစေ့များစွာကြဲသော်လည်း ကျိုင်းကောင်စားသောကြောင့် အနည်းငယ်သာ စုသိမ်းရလိမ့်မည်။ Common Language Bible ``သင်တို့သည်မျိုးစေ့များစွာကြဲသော် လည်းထွက်လာသော အသီးအနှံများကို ကျိုင်းကောင်များကိုက်စားသောကြောင့် အနည်းငယ်မျှသာရိတ်သိမ်းရလိမ့်မည်။- Garrad Bible လယ် တွင် မျိုး အ များ အ ပြား ကျ သော် လည်း၊ ကျိုင်း ကောင် ဖျက် သော ကြောင့်၊ အ နည်း ငယ် သာ ကျီ သွင်း ခွင့် ကိုလည်း ကောင်း၊ Judson Bible သင်သည် များစွာသောမျိုးစေ့ကို လယ်သို့ယူသွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။ |
ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်ဘဲ ငြင်းဆန်နေမည်ဆိုလျှင် မနက်ဖြန် သင့်နယ်မြေထဲသို့ ကျိုင်းကောင်များကို ငါရောက်လာစေမည်။
စပျစ်ခြံဆယ်ဧကသည် တစ်ဗတ်သာ ထွက်မည်။ မျိုးစေ့တစ်ဟောမဲသည် တစ်ဧဖာသာထွက်မည်။
သူတို့သည် ဂျုံစေ့ကိုကြဲသော်လည်း ဆူးပင်များကိုသာ ရိတ်သိမ်းရ၏။ ပင်ပန်းစွာကြိုးစားကြသော်လည်း အကျိုးမခံစားရကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကြောင့် သူတို့သည် အရှက်ကွဲခြင်းသီးနှံကို ရိတ်သိမ်းရလိမ့်မည်။
ဂါဇံကျိုင်းတို့အကျန်ကို အရာဘကျိုင်းတို့ စားလေပြီ။ အရာဘကျိုင်းတို့အကျန်ကို ယာလက်ကျိုင်းတို့ စားလေပြီ။ ယာလက်ကျိုင်းတို့အကျန်ကို ခါသိလကျိုင်းတို့ စားလေပြီ။
“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။
သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။
“လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မျိုးစေ့ကြဲသော်လည်း ရိတ်သိမ်းရမည်မဟုတ်။ သံလွင်သီးကိုနင်းနယ်သော်လည်း သံလွင်ဆီလိမ်းရမည်မဟုတ်။ စပျစ်သီးကိုနင်းနယ်သော်လည်း စပျစ်ဝိုင်သောက်ရမည်မဟုတ်။
သင်တို့သည် မျိုးစေ့များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရိတ်ရ၏။ အစာစားရသော်လည်း ဝလင်စွာမစားရ။ သောက်ရသော်လည်း ဝစွာမသောက်ရ။ အဝတ်ဝတ်ရသော်လည်း နွေးထွေးမှုမရှိ။ လုပ်အားခရသော်လည်း အိတ်ပေါက်ထဲသို့သာ ထည့်ရ၏’ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
“သင့်သားစဉ်မြေးဆက်တို့ကိုလည်း ငါဆုံးမမည်။ သင်တို့၏မျက်နှာကို မစင်နှင့် ပက်မည်။ ယဇ်ပူဇော်ပွဲမှတိရစ္ဆာန်တို့၏မစင်နှင့် ပက်မည်။ သင်တို့သည် ထိုမစင်နှင့်အတူ လွှင့်ပစ်ခြင်းကို ခံရမည်။
သင့်အပင်၊ သင့်မြေအသီးအနှံရှိသမျှတို့ကို ကျိုင်းကောင်အုပ်ကြီး ဖျက်ဆီးလိမ့်မည်။