အာမုတ် 4:9 - မြန်မာ့စံမီသမ္မာကျမ်း9 “လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible9 ဒ ဟ ဝါ ယော ကပ်၊ ပု လု ဝ က ကပ် များ ကို ငါ သင့် စေ သည့် အ တိုင်း၊ ဟင်း ရွက် ဟင်း သီး ခြံ မှ စ ၍၊ စ ပျစ် ခြံ၊ သဖန်း ခြံ၊ သံ လွင် ခြံ အ မြောက် အ မြား ကို ကျိုင်း ကောင် စား သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible9 လေထိ၍ အပင်သေခြင်း၊ အရည်ယို၍သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။