Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဂါဇံကျိုင်း​တို့​အကျန်​ကို အရာဘကျိုင်း​တို့ စား​လေ​ပြီ​။ အရာဘကျိုင်း​တို့​အကျန်​ကို ယာလက်ကျိုင်း​တို့ စား​လေ​ပြီ​။ ယာလက်ကျိုင်း​တို့​အကျန်​ကို ခါသိလကျိုင်း​တို့ စား​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ကျိုင်း​ကောင်​များ​သည်​တစ်​အုပ်​ပြီး​တစ်​အုပ် ကောက်​ပဲ​သီး​နှံ​များ​အ​ပေါ်​သို့​သက်​ဆင်း​ကြ​၏။ ကျိုင်း​ကောင်​တစ်​အုပ်​စား​၍​ကြွင်း​သော​အ​ရာ​ကို​အ​ခြား​တစ်​အုပ်​က​စား​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဂါ ဇံ ခေါ် ကျိုင်း အုပ် စား ကြွင်း ကို၊ အ ရာ ဘ ခေါ် ကျိုင်း အုပ် စား လေ ပြီ။ အ ရာ ဘ ခေါ် ကျိုင်း အုပ် စား ကြွင်း ကို၊ ယာ လက် ခေါ် ကျိုင်း အုပ် စား လေ ပြီ။ ယာ လက် ခေါ် ကျိုင်း အုပ် စား ကြွင်း ကို ခါ သိ လ ခေါ် ကျိုင်း အုပ် စား လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဂါ​ဇံ​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို အ​ရာ​ဘ​ကျိုင်း​စား၏။ အ​ရာ​ဘ​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို ယာ​လက်​ကျိုင်း​စား၏။ ယာ​လက်​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို ခါ​သိ​လ​ကျိုင်း စား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 1:4
19 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်​တွင် ငတ်မွတ်​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်းလာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ


ပြည်​တော်​တွင် ငတ်မွတ်ခြင်းဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်း​လာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ


ငါ​သည် မိုးကောင်းကင်​ကို​ပိတ်​ထား​ပြီး မိုးခေါင်​စေ​သောအခါ​၊ ပြည်ထွက်သီးနှံ​ကို​ဝါးမျို​ရန် နှံကောင်​များ​ကို အမိန့်ပေး​သောအခါ​၊ ငါ့​လူမျိုး​တော်​တို့​တွင် ကပ်ဘေး​ကျရောက်​စေ​သောအခါ​၊


ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ မ​ရေ​မ​တွက်​နိုင်​သော ကျိုင်းကောင်​နှင့်​နှံကောင်​တို့​သည် ရောက်လာ​၍


သူ​တို့​၏​အသီးအနှံ​ကို နှံကောင်​တို့​အား​လည်းကောင်း​၊ သူ​တို့​လုပ်ဆောင်​ရရှိ​သော​အရာ​ကို ကျိုင်းကောင်​တို့​အား​လည်းကောင်း ပေး​တော်မူ​၏​။


အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​ဘဲ ငြင်းဆန်​နေ​မည်​ဆိုလျှင် မနက်ဖြန် သင့်​နယ်မြေ​ထဲသို့ ကျိုင်းကောင်​များ​ကို ငါ​ရောက်လာ​စေ​မည်​။


ကျိုင်းကောင်​များ​သည် မြေ​မျက်နှာပြင်​ကို​ဖုံးလွှမ်း​သဖြင့် မြေကြီး​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ထို​ကျိုင်းကောင်​တို့​သည် မိုးသီးဘေး​ဖြစ်​ပြီးနောက် သင်​တို့​၌​ကြွင်းကျန်​သော​အကြွင်းအကျန်​တို့​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​လယ်​၌​ပေါက်​သော​အပင်​ရှိသမျှ​တို့​ကို စား​ကြ​လိမ့်မည်​။


လူ​တို့​သည် သင်​တို့​၏​လုယက်ပစ္စည်း​ကို ကျိုင်းကောင်​အစုအအုံ​ကဲ့သို့ စုပုံ​ထား​ကြ​မည်​။ ကျိုင်းကောင်​များ​ခုန်ပေါက်​ပြေးလွှား​သကဲ့သို့ ထို​ပစ္စည်း​တို့​အပေါ် ပြေးလွှား​ကြ​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် သင့်​နေရာ​သို့ ကျိုင်းကောင်​ကဲ့သို့ လူအုပ်​ကြီး​ကို ရောက်လာ​စေ​မည်​။ သူ​တို့​သည် စစ်အောင်သံ​ကို ကြွေးကြော်​ကြ​လိမ့်မည်​”​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​တော်မူ​ပြီ​။


ထို​ပြည်​၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ လူမျိုးတကာ​တို့​ကို တံပိုးမှုတ်သံ​ပေး​ကြ​။ ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ အာရရတ်​၊ မိန္နိ​နှင့် အာရှကေနတ် စသော တိုင်းနိုင်ငံ​တို့​ကို ဆင့်ခေါ်​ကြ​။ စစ်ဦးစီး​ကို​ခန့်ထား​ကြ​။ မြင်း​တို့​ကို ကျိုင်းကောင်​အုပ်​ကဲ့သို့ ချီတက်​စေ​ကြ​။


“သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။


“လောင်မီးပိုး​ကျ​ပြီး မှိုရောဂါစွဲ​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​ပြီ​။ များပြား​လှ​သော သင်​တို့ ဥယျာဉ်​များ​၊ စပျစ်ပင်​များ​၊ သဖန်းပင်​များ​၊ သံလွင်ပင်​များ​ကို​လည်း ဂါဇံကျိုင်း​တို့ ဝါးမျို​လေ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံ​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ကောက်နှောင်း​ပေါ်စအချိန်​တွင် ကိုယ်တော်​သည် နှံကောင်အုပ်​ကြီး​ကို လွှတ်လိုက်​တော်မူ​၏​။ ဤ​အချိန်​သည် ရှင်ဘုရင်​အဖို့ ကောက်ရိတ်​ပြီး ကောက်နှောင်း​ပေါ်ချိန်​ဖြစ်​၏​။


“လောင်မီးပိုး​ကို ငါ​တားဆီး​မည်​။ သင်​တို့​မြေ​မှ​အသီးအနှံ​ကို မ​ဖျက်ဆီး​စေ​ရ​။ သင်​တို့​မြေ​မှ​စပျစ်ပင်​သည် အသီး​မ​သီး​ဘဲ​မ​နေ​ရ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သင်​သည် လယ်ယာ​၌​မျိုးစေ့​များစွာ​ကြဲ​သော်လည်း ကျိုင်းကောင်​စား​သောကြောင့် အနည်းငယ်​သာ စုသိမ်း​ရ​လိမ့်မည်​။


သင့်​အပင်​၊ သင့်​မြေ​အသီးအနှံ​ရှိသမျှ​တို့​ကို ကျိုင်းကောင်​အုပ်​ကြီး ဖျက်ဆီး​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ